အိုမန်​ ၊ ကာတာ အသင်းတို့နှင့်​ခြေစမ်းမည့့််​မြန်​မာ့လက်​ရွေးစင်​ ယူ ၂၁ အသင်း

0
26

ဇန်​နဝါရီ ၃
သော်​လင်းထက်

အိုမန်​ ယူ ၂၁ အသင်းနှင့်​ကာတာ ယူ ၂၁ အသင်းတို့နှင့်​ ခြေစမ်းပွဲကစားမည့်​ မြန်​မာ့လက်​ရွေးစင်​ ယူ ၂၁ အသင်းသည်​ ယ​နေ့​နေ့လယ်​ပိုင်းက လေ့ကျင့်​ရေးဆင်းခဲ့ကျသည်​။

မြန်​မာ့လက်​ရွေးစင်​ ယူ ၂၁ အသင်းသည်​ လာမည့်​ ဆီးဂိမ်းပြိုင်​ပွဲအတွက်​ ရည်​ရွယ်​၍ ဖွဲ့စည်းထားသည့်​အသင်းလည်း ဖြစ်​သည်​။

အသင်းအတွက်​ ခြေစမ်းပွဲအနေဖြင့် လာမည့်​ ဇန်​နဝါရီလ ၇ ရက်​နေ့တွင်​ အိုမန်​အသင်း၊ ၁၀ ရက်​နေ့တွက်​ ကာတာ အသင်းတို့နှင့်​ ယှဉ်​ပြိုင်​ကစားကြမည်​ဖြစ်​သည်​။

“ယူ ၂၁ အသင်းဟာ လာမယ့်​ ဖေဖော်​ဝါရီလ ကမ္ဘောဒီးယားနိုင်​ငံမှာ ကျင်းပမယ့်​ AFC ပြိုင်​ပွဲနဲ့ မတ်​လ မှာ မြန်​မာနိုင်​ငံက အိမ်​ရှင်​အဖြစ်​ကျင်းပမယ့်​ AFF ပြိုင်​ပွဲတွေမှာပါ ယှဉ်​ပြိုင်​ကစားဖို့ ရှိနေတာပါ”ဟု နည်းပြချုပ်​ ဦးကြည်​လွင်​က​ပြောသည်​။

အိုမန်​အသင်း၊ ကာတာအသင်းတို့နှင့်​ ခြေစမ်းရန်​အတွက်​ ယူ ၂၁ အသင်းသည်​ လာမည့်​ ဇန်​နဝါရီလ ၅ ရက်​နေ့ မနက်​ပိုင်းတွင်​ မြန်​မာနိုင်​ငံမှ စတင်​ထွက်​ခွာသွားကြမည်​ဖြစ်​သည်​။

Leave a Reply