ဦးအောင်ဆန်းဦးနှင့် နိုင်ငံရေးပါတီများတွေ့ဆုံပြီး အမွေဆိုင်ရာခြံကိစ္စဆွေးနွေး

0
41

ဇန်န၀ါရီ ၅
ယဉ်ကေနွယ်

ဦးအောင်ဆန်းဦးနှင့် နိုင်ငံရေးပါတီများတွေ့ဆုံမှုပြီး ၎င်း ရရှိမည့် အမွေဆိုင်ရာ ခြံကိစ္စအား ဆွေးနွေးမှုကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ Mandalay Paradise စားသောက်ဆိုင်တွင် တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံမှုတွင် ဦးအောင်ဆန်းဦးမှ ၎င်း ၏အမွေ ကိစ္စခွဲဝေရရှိမှုသည် တရားမျှတမှုမရှိသည့် အကြောင်း ပြောခဲ့ကြောင်း သိရသည်။

“ကျွန်တော်က ဥပဒေ အကြောင်းအတိုင်းပဲ အရင်တုန်းက အမှုကိစ္စမှာ ထပ်ထပ်ခါ ပလပခံရတဲ့ အတွက် နောက်ပြီးတော့ ဥပဒေက ဒီမိုကရေစီ ခေတ်မှာ ရှိရမဲ့ အဆင့်မရှိဘူးလို့ ထင်လို့ ဒါတင်မကဘူး အဲ့ဒါက ပြောင်းဖို့ ဆိုတာလည်း နိုင်ငံရေးအဖွဲ့အစည်းတွေ ထောက်ခံဖို့ လိုလာလို့ နောက်ပြိး မီဒီယာလည်း သိလာဖို့အရေးကြီးလို့ အခုလို နိုင်ငံရေးအဖွဲ့အစည်းတွေကလည်း ဒီမှာ လွတ်လပ်ရေးပွဲရောက်တုန်း ကျွန်တော်ဆီက ကြားချင်တာရှိလို့ ကျွန်တော်ကလည်း လာချင်တာနဲ့ အတော်ပဲဆိုလို့ ဒီလိုတွေ့တာပါ”ဟု ဦးအောင်ဆန်းဦးကပြောသည်။

ဦးအောင်ဆန်းဦးနှင့်တွေ့ဆုံသည့် နိုင်ငံရေးပါတီများသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊မြန်မာဒီမိုကရက်တစ်ပါတီ၊မြန်မာအမျိုးသားကွန်ယက်၊ အမျိုးသားတိုးတက်ရေးပါတီ၊ မတူကွဲပြားနှင့်ငြိမ်းချမ်းရေးပါတီနှင့် ခေတ်သစ်ပြည်ထောင်စု ပါတီမှတာဝန်ရှိသူများတွေ့ဆုံခဲ့သည်။

ဦးအောင်ဆန်းဦးမှ ယခု ကဲ့သို့ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံမှုသည် နိုင်ငံရေးလုပ်မည်မဟုတ်ကြောင်း ၎င်းကပြောသည်။

“နောက်တစ်ခုက ကျွန်တော်က နိုင်ငံရေးထဲမှာ ၀င်ပါပြီးတော့ လုပ်ဖို့ကြံနေတဲ့ ဟာ လုံးဝမရှိပါဘူး။ ကျွန်တော့်ဘာသာ ကျွန်တော်ကြည့်ထားတဲ့ ကလေးတွေနဲ့ ပန်းခြံနဲ့ အေးဆေးပဲ နေနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်ရှိထားတဲ့ မတရားအနိုင်ကျင့်ခံထားရတာကို ကုန်းခံ ပြီးတော့ ခေါင်းငုံခံမဲ့ စိတ်ဓာတ်တော့မရှိဘူး။ ဒါကို အတတ်နိုင်ဆုံးခံချရမယ်”ဟု ၎င်းကပြောသည်။

နိုင်ငံရေးပါတီများမှလည်း “ကျွန်တော်တို့ နိုင်ငံရေးပါတီများမှလည်း အခြေအချာသုံးသပ် ပြီးတော့ ကြားထဲမှာ တိုင်ပင်ဆွေးနွေးမှုတွေလုပ်ပါမယ်။လုပ်ပြီးတော့ ဒီကိစ္စကလည်း လတ်တလော ကျွန်တော်တို့ နိုင်ငံရေးပါတီတွေကို အသိပေးတယ်ဆိုတာကလည်း မိတ်ဆွေသဘောအရပြောတာပါသလို ပြည်သူတွေအတွက် ဘာလုပ်ပေးရမယ်ဆိုတာ ပါသလို နားစွင့်လုပ်နေတဲ့ နိုင်ငံရေးပါတီရဲ့ ကိစ္စတစ်ခု ဘယ်လို မိမို့ကိုယ်ကို ပြန်မေးရမဲ့ ကိစ္စတစ်ခုလို့မြင်တယ်။ကျွန်တော်တို့ နိုင်ငံရေးပါတီတွေက ဆက်လက်တိုင်ပင်ပြီး ကျွန်တော်တို့ရဲ့ အကောင်းဆုံးရပ်တည်ချက်ကိုပြကြပါမယ်”ဟု ၎င်းတို့မှ ပြောသည်။

ယင်းအမွေကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးဆီသို့ အထူးအယူခံ အနေဖြင့် ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း ဦေးအာင်ဆန်းဦးကပြောသည်။

ဦးအောင်ဆန်းဦးမှ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က ခြံအမှတ် ၅၄ ကို လေးလံတင်ရောင်းချပြီး တစ်ဝက်ရလိုသဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လာရောက်၍ အထူးအယူခံဝင်ခဲ့ကြောင်းသိရသည်။

ထိုသို့ အယူခံဝင်မှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ ပယ်ချလိုက်ခြင်းဖြစ်သည်။

အဆိုပါခြံကိစ္စနှင့် ပတ်သက်ပြိး ၂၀၀၆ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်ခင်ကြည်အမည်ပေါက်မြေအကျယ်အ၀န်း ၁ ဒသမ ၉၂၃ ဧက အား သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ဦးအောင်ဆန်းဦးတို့အား ခွဲခြမ်း၍ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Leave a Reply