ယာဉ်မောင်းကိုပစ်သတ်ပြီး ငွေကျပ် ၈ သိန်းလုယူမှု ဖြစ်ပွား

0
209

နေပြည်တော်၊ ဇန်နဝါရီလ ၉ ၊၂၀၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းနောင် – ခိုလမ် အသွား လမ်းမပေါ်တွင် အမည်မသိ အရပ်ဝတ် လူသုံးဦးမှ ယာဉ်မောင်း အားသေနတ်ဖြင့် ပစ်ခတ်ပြီး ငွေကျပ် ၈ သိန်းလုယူခဲ့မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၈ ရက်နေ့က ယာဉ်မောင်း စိုင်းရဲထက်အောင် (၁၅) နှစ်မှ PROBOX အဖြူရောင်ယာဉ်အားမောင်းနှင်လာစဉ် အမည်မသိလူသုံးဦးမှ တားင်္ဆီးသဖြင့်ရပ်ပေးရာ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးခေါင်းပေါက်ထွက်ဒဏ်ရာဖြင့် ယာဉ်ပေါ်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယာဉ်ပေါ်တွင် ယာဉ်မောင်း၏ ဖခင်နှင့် မိခင်အပါအဝင် ၃ ဦးပါရှိလာခဲ့ခြင်းဖြစ်သည်။

” လားရှိုးမြို့ကနေ ခိုလမ်ကားလမ်းအတိုင်း မောင်းနှင်လာတာ အရပ်ဝတ် ဝတ်ထားတဲ့လူသုံးဦးက သေနတ်အရှည်တွေ ကိုင်ဆောင်ပြီး ကားကို ရပ်ပေးဖို့တားတယ်။ တားလို့ရပ်ပေးလိုက်တယ် သားက မှန်တံခါးကို ပိတ်လိုက်တော့ ကားညာဘက်က လူက ခေါင်းကို သေနတ်နဲ့ပစ်ထည့်လိုက်တာ။ အဲ့နေရာမှာပဲ သားသေသွားတယ်။ ကျွန်တော်တို့ဆီက မှတ်ပုံတင်နဲ့ငွေကျပ် ၈ သိန်း ထည့်ထား တဲ့ပိုက်ဆံအိတ်ရယ် ကျနော့်ဇနီးသူသောက်ဖို့ယူလာတဲ့
ဆေးဝါးတွေကို ယူပြီး အခင်းဖြစ်တဲ့နေရာရဲ့ ဘေးကတောထဲကို ဝင်သွားတယ်” ဟု သေဆုံးသူ၏ ဖခင်ဖြစ်သူ ဦးသီဟ က ပြောသည်။

၎င်းဖြစ်စဉ်ကြောင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ လိုက်လံဖမ်းဆီးမှုများ ဆောက်ရွက်ခဲ့ရာ အခင်းဖြစ်ပွားသည့်နေရာမှ မြောက်ဘက် ကိုက်(၁၀၀)ခန့် အကွာတွင် နံပါတ်မပါ မော်တော်ဆိုက်ကယ် ၁ စီး ရေမြောင်းထဲ၌ လဲကျနေသည်ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရသည်။

သေနတ်ဖြင့် ပစ်ခတ်ပြီး ငွေကြေးလုယူထွက်ပြေးသူများအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ပြုလုပ် လျှက် ရှိကြောင်းသိရသည်။

ယဉ်ကေနွယ်

Leave a Reply