အလက်ဆစ် ဆန်းချက်ဇ်ကို မန်စီးတီး ချိတ်ဆက်နေ ၊ ယခုတစ်ပတ် အတွင်း အပြောင်းအရွှေ့ ဖြစ်ဖွယ်ရှိ

0
218

ဇန်န၀ါရီ ၉ ၊ ၂၀၁၈

အာဆင်နယ်အသင်း၏ တိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ်ကို မန်ချက်စတာစီးတီး အသင်းမှ ပေါင် သန်း ၃၀ ဖြင့် ခေါ်ယူရန်ပြင်ဆင် နေပြီး ယခုတစ်ပတ်အတွင်း အပြောင်းအရွှေ့ကိစ္စ ပြီးမြောက်ဖွယ် ရှိနေကြောင်း သတင်းရရှိသည်။

မန်ချက်စတာစီးတီးအသင်းသည် လက်ရှိအချိန်တွင် အင်္ဂလန် အမှတ်ပေးဖလာပြိုင်ပွဲ၌ အဆင့် (၁) နေရာတွင် ရပ်တည်နေပြီး အသင်း၏ လူအင်အားကို ပိုမိုတောင့်တင်စေရန်အတွက် အာဆင်နယ် တိုက်စစ်မှူးကို ထပ်မံခေါ်ယူလိုနေခြင်း ဖြစ်ပါသည်။
ဒါ့အပြင် မန်စီးတီးအသင်းအနေဖြင့် ဆန်းချက်ဇ်ကို ခေါ်ယူလိုတဲ့ အဓိက ရည်ရွယ်ချက် နှစ်ခု ရှိနေပါသည်။

တိုက်စစ်မှူးဂျီဆပ်ဒဏ်ရာကြောင့်(၂)လခန့်အနားယူရမည်ဖြစ်သောကြောင့်အဆိုပါကိစ္စကိုဆန်းချက်ဇ်ဖြင့်အစားထိုးရန်နှင့် နောက် ရည်ရွယ် ချက်ကတော့ နွေရာသီအပြောင်းအရွှေ့တွင် အလွတ်ပြောင်းရွှေ့ကြေး ဖြင့် ခေါ်ယူနိုင်မည့် အခွင့်အရေးတွေကြောင့် ဖြစ်ပါသည်။

ဆန်းချက်ဇ်အတွက် မန်စီးတီးမှ ပေးချေသော ပြောင်းရွှေ့ကြေး ပေါင် သန်း၃၀သည် အာဆင်နယ်အတွက် ထိုက်တန်သော ဈေးနှုန်းဖြစ်ပြီး ဆန်းချက်ဇ်ကို အသင်း၌ ဆက်လက်ထိန်းသိမ်းထားပါက သြဂုတ်လ အပြောင်းအရွှေ့ကာလတွင် အလွှတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရဖွယ်ရှိနေပါသည်။

ထို့ကြောင့် ဆန်ချက်ဇ်၏အပြောင်းအရွှေ့သည်ယခုတစ်ပတ်အတွင်း အထမြောက်ဖို့ရှိနေကြောင်း သတင်းရရှိပါသည်။

NN

Leave a Reply