YBS (၉၁) နှင့် ကိုယ်ပိုင်ယာဉ်တို့တိုက်မှုဖြစ်​ပွား

0
190

ရန်ကုန် ၊ ဇန်​နဝါရီ ၉ ၊ ၂၀၁၈

ရန်​ကုန်​တိုင်း​ဒေသကြီး၊မင်္ဂလာဒုံမြို့နယ် ပြည်လမ်းတွင် ဇန်န၀ါရီ ၈ ရက် နံနက် ၈ နာရီခန့်က YBS (၉၁) ယာဉ်နှင့်​ ကိုယ်ပိုင်ယာဉ်တို့ တိုက်​မှုဖြစ်​ပွားခဲ့ပြီးယာဉ်ပေါ်ပါသူ ၁၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ် ပြည်လမ်းအတိုင်း ထောက်ကြန့်ဘက်မှ မင်္ဂလာဒုံဘက်သို့ မောင်းနှင်လာသည့် YBS (၉၁) ယာဉ်လိုင်းမှ ယာဉ်တစ်စီးသည် တစ်နံပါတ်မှတ်တိုင် အနီးအရောက် သာဓုကန် လမ်းထဲမှ ပြည်လမ်းပေါ်သို့ထွက်လာသည့် Grand Starex အမျိုးအစား ကိုယ်ပိုင်ယာဉ်နှင့် ၀င်တိုက်မိခဲ့ရာGrand Starex အမျိုး အစား ကိုယ်ပိုင်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး နှင့် YBS (၉၁) ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကျားမစု​ပေါင်း(၁၄)ဦး၊စုစု​ပေါင်း(၁၈)ဦး (မစိုးရိမ်​ရ) ထိခိုက်​ဒါဏ်ရာရရှိခဲ့ ​ကြောင်း ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူ တစ်ဦး ပြောကြားချက်​အရသိရသည်။

“အမှုဖွင့်​တာ မဖွင့်​တာ​တော့ မသိဘူး။ကျွန်​​တော်​တို့က ပရဟိတဆို​တော့ ထိခိုက်​ဒါဏ်​ရာရသူ(၁၄)ဦးကို​မြောက်​ဥက္ကလာ​ဆေးရုံကိုပို့​ပေးလိုက်​တယ်​”ဟုပုလဲမြို့သစ်​ အရံမီးသတ်​တပ်​ဖွဲ့မှတာဝန်​ရှိသူမှ​ပြောသည်​။

အဆိုပါယာဉ်​တိုက်​မှုတွင်​(၁၈)ဦးထိခိုက်​ဒါဏ်​ရာရရှိခဲ့ရာကျန်​(၄)ဦးအနက် ကျား(၂)ဦး နှင့် မ(၂)ဦး ကို​မေတ္တာလွမ်းခြုံ ဓမ္မိကာရုံပရဟိတအသင်း ယာဉ်​ဖြင့်​အင်းစိန်​​ဆေးရုံသို့ပို့​ဆောင်​​ပေးခဲ့​ကြောင်းအသင်းဥက္ကဌ
ဦးသန်းထွန်းကဆိုသည်​။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့်​ပတ်​သက်​၍ အမှုဖွင့်​ထားခြင်း မရှိ​သေး​ကြောင်း မင်္ဂလာဒုံရဲတပ်​ဖွဲစခန်းမှ ရဲအရာရှိတစ်​ဦးက
The Fifth Wave News(ပဉ္စမလှိုင်းမီဒီယာ) ၏ဆက်​သွယ်​ ​မေးမြန်းချက်​ကို​ဖြေကြားသည်​။

မြတ်​ဟိန်း​ကျော်

Leave a Reply