ငမိုးရိပ်ချောင်းအတွင်း နစ်မြုပ်ခဲ့သည့်ကားမှ အမျိုးသားရုပ်အလောင်း ပြန်လည်တွေ့ရှိ

0
201

ရန်ကုန် ၊ ဇန်န၀ါရီ ၉ -၂၀၁၇

ဇန်န၀ါရီ ၇ရက်နေ့၊ နံနက်၅နာရီခန့်က ငမိုးရိပ်ချောင်းအတွင်းသို့ နစ်မြုပ်ခဲ့သည့် Honda Fit ယာဉ်ပေါ်တွင်ပါဝင်ခဲ့သည့် အမျိုးသား၏ ရုပ်အလောင်းကို ယနေ့နေ့လည် ၁၁နာရီ ၃၀မိနစ် အချိန်ခန့်က ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း မြောက်ဒဂုံမြို့မရဲစခန်း မှူး ရဲအုပ် အောင်ကိုဝင်းကပြောသည်။

“ဒီနေ့လည်ပိုင်းကရှာဖွေတွေ့ရှိခဲ့တာပါ။ရုပ်အလောင်းကိုတော့ မြောက်ဥက္ကလာဆေးရုံကြီးကိုပို့ဆောင်ထားပါတယ်”ဟု ပြောသည်။

အဆိုပါယာဉ်မှာမြောက်ဒဂုံ ၃၃ရပ်ကွက် ဆရာစံလမ်းအတိုင်း မောင်းနှင် လာပြီး ငါးမာန်အောင်ဘုရားလမ်းဆုံတွင် ငမိုးရိပ်ချောင်းအတွင်းသို့ ထိုးကျခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။

ယာဉ်ပေါ်တွင်ပါရှိသည့်အခြားအမျိုးသားတစ်ဦးမှာ ချောင်းအတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူများက အခင်းဖြစ်ပွား ချိန်တွင်ပင် ကယ်ဆယ်နိုင်ခဲ့ကြောင်းသိရပြီး အဆိုပါနစ်မြုပ်မော်တော်ယာဉ်ကို ယင်းနေ့ညနေပိုင်းအချိန်တွင်ပြန်လည် ဆယ်ယူနိုင်ခဲ့ကြောင်းသိရသည်။
သေဆုံးမှုဖြစ်စဉ်နှင့်ပတ်သတ်၍မြောက်ဒဂုံမြို့မရဲစခန်းက မတော်တဆ လူသေဆုံးမှု ပ / ၃၀၄-က ဖြင့်အမှုဖွင့်ထား ကြောင်းသိရသည်။

ကိုဥာဏ်

Leave a Reply