လီဗာပူးလ်ကိုပြောင်းဖို့အတွက် မာရက်ဇ် အနေဖြင့် လက်စတာမှ ထွက်မည်မဟုတ်

0
873

ဇန်န၀ါရီ ၉ ၊၂၀၁၈

ဘာစီလိုနာကို ပြောင်းရွှေ့သွားသော ကော်တင်ဟို၏ နေရာကို အစားထိုးနိုင်ရန်အတွက် လီဗာပူးလ်အသင်းဟာ လက်စတာကွင်းလယ်လူ မာရက်ဇ်ကို အလိုရှိနေပါသည်။ သို့သော်လည်း မာရက်ဇ်အနေဖြင့် လက်စတာအသင်းမှ ထွက်ဖို့ အစီအစဉ်မရှိဘူးလို့ သိရပါသည်။

ဥရောပ အားကစားသတင်းများ၏ အဆိုအရ မာရက်ဇ်သည် ပြောင်းရွှေ့ကြေးပေါင် သန်း ၅၀ ခန့်ဖြင့် လီဗာပူးလ်သို့ ပြောင်းရွှေ့နိုင် ဖွယ်ရှိကြောင်း ရေးသားဖော်ပြခဲ့ကြပြီး တချို့သတင်းများ၌ မာရက်ဇ်အနေဖြင့် လီဗာပူးလ်နည်းပြ ကလော့ နှင့် အပြောင်အရွှေ့ အတွက် ဆွေးနွေးနေကြောင်း ဖော်ပြခဲ့ကြသည်။

“ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဘယ်ဟာအမှန်လည်းဆိုတာ ကျွန်တော် မပြောနိုင်ပါဘူး။ အခုချိန်အထိ လီဗာပူးလ်နဲ့ ဘယ်လိုသဘော ညီမှုမျိုးမှ မရှိသလို တရားဝင် စာချုပ်ချုပ်မယ့် ကိစ္စလည်း မရှိပါဘူး”ဟု မာရက်ဇ်က ဆိုသည်။

ထို့ပြင် မိမိအနေဖြင့် အဆိုပါ အပြောင်းအရွှေ့သတင်းများကြောင့် အလွန်စိတ်လှုပ်ရှား တုန်လှုပ်ခဲ့ရကြောင်း ၊ လက်ရှိအချိန်တွင် မိမိအနေဖြင့် ဒူဘိုင်းတွင် အပန်းဖြေ အနားယူလျှက်ရှိပြီး မည်သည့်စာချုပ်ကိစ္စမျှ ဆောင်ရွက်ထားခြင်း မရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။

မာရက်ဇ်သည် လက်စတာအသင်း၏ လူစာရင်းတွင် အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ၄င်းအား အလိုရှိပါက လက်စတာအသင်းရှိ တာဝန်ရှိသူများနှင့်သာ ပြောင်းရွှေ့ကြေး အတွက် ဆွေးနွေးရဖွယ် ရှိကြောင်း၊ မာရက်ဇ်အနေဖြင့် အသင်းကြီး တစ်ခု၏ ကမ်းလှမ်းလာမှုကို စောင့်မျှော်နေပြီး အမှန်တကယ် ကမ်းလှမ်းလာပါက အပြောင်းအရွှေ့မှာ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ဥရောပ မီဒီယာများ၌ ဖော်ပြထားသည်။

NN

Leave a Reply