ရိုက်​တာသတင်း​ထောက်​နှစ်​ဦးအမှု မျှတစွာ​ဆုံးဖြတ်​ခဲ့ခြင်းရှိ၊ မရှိ ကြည့်​ရန်​ ​ဒေါ်​အောင်​ဆန်းစုကြည်​ကိုြ​ဗိတိန်​နိုင်​ငံခြား​ရေးဝန်​ကြီးတိုက်​တွန်း

0
56

ဇန်​နဝါရီ ၁၁
ဥက္ကာ

ရိုက်​တာသတင်း​အေဂျင်​စီက သတင်း​ထောက်​နှစ်​ဦးဖြစ်​တဲ့ ကိုဝလုံးနဲ့ကို​ကျော်​စိုးဦးတို့ ​ထောင်​ဒဏ်​ခုနှစ်​နှစ်​စီကျခံခဲ့ရတဲ့အ​ပေါ် တရားစီရင်​ရေးစနစ်က ​​နိုင်​ငံသားအခွင့်​အ​ရေး​ပေးခဲ့ခြင်းရှိ၊ မရှိကြည့်​ဖို့ ဒီ​နေ့မှာ ​ဒေါ်​အောင်​ဆန်းစုကြည်​ကိုြ​ဗိတိန်​နိုင်​ငံခြား​ရေးဝန်​ကြီးက တိုက်​တွန်းပါတယ်​။

နိုင်​ငံ​တော်​လျှို့ဝှက်​ချက်​​ပေါက်​ကြား​စေမှုနဲ့ သတင်း​ထောက်​နှစ်​ဦးကို ​ထောင်​ခုနှစ်​ချထားတာ​ကြောင့်​ အယူခံဝင်​ခဲ့​ပေမဲ့ ဒီ​နေ့မှာအယူခံပယ်​ချခဲ့ပါတယ်​။

သူတို့မှာ အပြစ်​မရှိဘူးဆိုတဲ့သက်​​သေအ​ထောက်​အထားလုံလုံ​လောက်​​လောက်​မပြနိုင်​ဘူးလို့ တရားရုံးအမိန့်​မှာပါဝင်​ပါတယ်​။

သတင်း​ထောက်​နှစ်​ဦးကိစ္စနဲ့ပတ်​သက်​ပြီး ဘီဘီစီ​ရေဒီယိုက​မေးမြန်းတဲ့အခါ သူတို့နှစ်​ဦးကိစ္စမှာ တရားခွင်​အတွင်း သူတို့နှစ်​ဦးနိုင်​ငံသားအခွင့်​အ​ရေးရှိ၊ မရှိစိတ်​ပူ​နေတယ်​လို့ြ​ဗိတိန်​နိုင်​ငံခြား​ရေးဝန်​ကြီး ဂျယ်​ရမီ ဟန့်​က​ပြောပါတယ်​။

မြန်​မာနိုင်​ငံမှာ ဒီမိုက​ရေစီအတွက်​ တိုက်​ပွဲဝင်​ခဲ့သူတစ်ဦးအေ​နနဲ့ ဒီသတ္တိရှိတဲ့သတင်း​ထောက်​နှစ်​ဦးအနာဂတ်​ကို စိတ်​ဝင်​စားတယ်​ဆိုတာ အသိအမှတ်​ပြုဖို့နဲ့ နိုင်​ငံသာအခွင့်​အ​ရေးကို ကြည့်​​ပေးဖို့ ​ဒေါ်​အောင်​ဆန်းစုကြည်​ကို ကျွန်​​တော်​တို့တိုက်​တွန်းပါတယ်​လို့ ဟန့်​က​ပြောပါတယ်​။

Source-Reuters

#TheFifthWaveNews

Photo : Ye Myo Khant / MPA

Leave a Reply