မန္တလေးမြို့အနီး ဆောင်ရွက်ဆဲဖြစ်သည့် ဒီးဒုတ်ရေတံခွန်ဆင်စခန်းကို ယခုလ(၂၀)ရက်နေ့တွင် ဖွင့်လှစ်သွာမည်

0
148

မန္တလေး ၊ ဇန်န၀ါရီ ၉ ၊ ၂၀၁၈

မန္တလေးမြို့အနီး၊ ပြင်ဦးမြို့နယ်အတွင်းရှိ ရဲရွာရေအားလျှပ်စစ် စက်ရုံ သွားကားလမ်းဘေးရှိ မကျည်းအင်းကျေးရွာ ဝှက်ကားရေတံခွန်အနီးတွင် ဆောင်ရွက်ဆဲ ဆင်စခန်းတစ်ခု ဖြစ်သည့် ဒီးဒုတ်ရေတံခွန် ဆင်စခန်းကို ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းးမြန်မာ့သစ် လုပ်ငန်း(မန္တလေးတိုင်းဒေသကြီး) က သိရသည်။

ယင်းဆင်စခန်းကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလထဲက စတင်ဆောက်လုပ် ခဲ့ပြီး ဒီဇင်ဘာလအတွင်း ဖွင့်လှစ်သွားရန်ဆောင်ရွက်သော်လည်း မြေယာအငြင်းပွားမှုများဖြစ်နေသောကြောင့် ကြန့် ကြာနေခြင်း ဖြစ်ကြောင်း သိရသည် ။

“တရားဝင်မဖွင့်ခင် တစ်ပတ်လောက်အလိုမှာ အစမ်းသဘောမျိုး ဖွင့်သွားမယ် ။ အဲ့ဒီအချိန်မှာ အများပြည်သူတွေအနေနဲ့ စတင်အပန်းဖြေနိုင်ပါပြီ ။ ဇန်နဝါရီလ ၂၀ ရက်နေ့ ဖွင့်ပွဲမှာတော့ ဝင်ကြေးအခမဲ့နဲ့ အပန်းဖြေနိုင်မှာဖြစ်ပါတယ်” ဟု မြန်မာ့သစ်လုပ်ငန်း (မန္တလေးတိုင်းဒေသကြီး) မန်နေဂျာဦးအောင်မြင့်ဌေး က ပြောကြားခဲ့သည်။

ယခင်က မန္တလေးတိုင်းဒေသကြီးအတွင်း ပြင်ဦးလွင်ခရိုင် သပိတ်ကျင်း မြို့နယ်၌ နိုငံခြားသားခရီးသွားများနဲ့ ပြည်တွင်းခရီးသွားများ လေ့လာဖို့ ဆင်စခန်းတစ်ခုဖွင့်လှစ်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ပိတ်သိမ်းခဲ့သည် ။ ယခုအခါ ဝှက်ကားရေတံခွန်အနီးမှာ ဆင်အကောင်ရေ (၆) ကောင်နဲ့ အများပြည်သူ အပန်းဖြေလေ့လာနိုင်ဖို့ ဆင်စခန်းဖွင့်လှစ်သွားမည်ဖြစ်ပြီး ဝင်ကြေးအဖြစ်တစ်ဦးလျှင်ငွေကျပ် (၁၀၀၀)နှုန်း၊ ဆင်စီးခ ငွေကျပ် (၃၀၀၀)နှုန်း သတ်မှတ်ထားကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply