YBS ၁၂ ယာဉ်လိုင်းတွင် မော်တော်ယာဉ်သစ်များဖြင့် အစားထိုး ပြေးဆွဲ

0
170

ရန်ကုန် ၊ ဇန်နဝါရီ ၈ ၊ ၂၀၁၈

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော YBS ၁၂ ယာဉ်လိုင်း တွင် ၂ဝ၁၇ မော်ဒယ်Yutong ယာဉ်သစ်အစီး ၄ဝ ဖြင့် ဇန်‌နဝါရီ ၉ ရက်‌မှစ၍ အစားထိုး ပြေးဆွဲမည်‌ဖြစ်‌‌ကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်‌ (ပါရမီ) ဒါရိုက်‌တာ ဦးမင်းနိုင်ထံမှ သိရသည်။

“၁၂လိုင်းယာဉ်​​တွေကအဲယားကွန်း​တွေမရှိကြဘူး၊၂၀၁၃ထည်းကဆို​တော့​မော်​ဒယ်​သစ်​ကား​တွေနဲ့အစားထိုးလိုက်​တာပါ”ဟုဗန္ဓုလသယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီလီမိတက်‌ (ပါရမီ) ဒါရိုက်‌တာ ဦးမင်းနိုင်​မှ​ပြောသည်​။

ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်သည် လက်​ရှိတွင်
YBS ၁၂ ၊၁၄ ၊၂၅ ၊၃၀ ၊၃၈ ယာဉ်​လိုင်းများတွင် ယာဉ်အစီးရေ (၂၆၂) စီးဖြင့် ​ပြေးဆွဲလျှက်​ရှိပြီးရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ လမ်းညွှန်မှုနှင့်အညီYutong ယာဉ်သစ်များဖြင့် အစားထိုး ပြေးဆွဲခြင်းဖြစ်​ကြောင်း ​နောက်​ထပ်​ယာဉ်​လိုင်းသစ်​နှစ်​ခုဖြစ်​​သော ဒဂုံ​မြို့သစ်​(​တောင်​ပိုင်း)မှလှိုင်​သာယာသို့ လည်းကောင်းပါရမီ(အ​ခြေစိုက်)မှဆူး​လေသို့ဘယ်ပတ်ညာပတ်​ ​ပြေးဆွဲ ရန် တင်​ပြထား​ကြောင်းအားလုံးယာဉ်​လိုင်း(၇)လိုင်းအစီး​ရေ(၃၆၃)စီး
ပြေးဆွဲမှာဖြစ်​​ကြောင်းMD ဦးမင်းနိုင်​​ပြောပြချက်​အရသိရသည်​။

မြတ်​ဟိန်း​ကျော်

ဓာတ်​ပုံ YBS

Leave a Reply