စိန်ခေါ်မှု အသစ်တွေကိုရင်ဆိုင်ဖို့အတွက် မန်ယူမှထွက်ခွာမည့် ဖယ်လိုင်နီ

0
187

ဇန်န၀ါရီ ၉ ၊ ၂၀၁၈

မန်ယူအသင်း၏ ကွင်းလယ်လူ ဖယ်လိုင်နီသည် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်လိုသောကြောင့် ယူနိုက်တက်မှ ထွက်ခွာရန် ပြင်ဆင်နေကြောင်း သတင်းရရှိပါသည်။

အဆိုပါ ဘယ်လ်ဂျီယမ် နိုင်ငံသားသည် မန်ယူအသင်း၏ စာချုပ်အသစ် ကမ်းလှမ်းလာမှုအပေါ် ငြင်းဆိုထားပြီး နွေရာသီအပြောင်းအရွှေ့ကာလတွင် မန်ယူမှ ထွက်ခွာဖွယ်ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
စာချုပ်အသစ် ကမ်းလှမ်းလာမှုကို ပယ်ချထားသော်လည်း ဖယ်လိုင်နီသည် မန်ယူနည်းပြ မော်ရင်ဟို၏ ဒူဘိုင်းလေ့ကျင့်ရေး ခရီးစဉ်တွင် ပါဝင်လျှက်ရှိသည်။

ဖယ်လိုင်နီသည် မန်ယူအသင်းမှ ကမ်းလှမ်းသော ၂ နှစ်သက်တမ်းတိုး စာချုပ်ကို ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ပယ်ချခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် တစ်သိန်းနှစ်သောင်း ပေးချေမှုကိုလည်း ပယ်ချခဲ့သည်။သူသည် မန်ယူအသင်းအတွက် ဒူးဒဏ်ရာ မရရှိမီ အချိန်အထိ ၁၁ ပွဲ ကစားပေးခဲ့ပြီး ယခုတစ်ပတ်အတွင်း ကစားခဲ့သည့် FA ဖလားပွဲစဉ်ဖြစ်သော ဒါဘီကောင်တီနှင့်ပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့သည်။

ဖယ်လိုင်နီသည် မန်ယူနည်းပြသစ်ဖြစ်သော ဒေးဗစ်မိုရက်စ် လက်ထက်တွင် အဲဗာတန်အသင်းမှ ပြောင်းရွှေ့ကြေး ပေါင် ၂၇ ဒသမ ၅သန်းဖြင့် မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့ခဲ့ပြီး ပုံမှန်ခြေစွမ်းရရှိရန် ၃ နှစ်ခန့် ရုန်းကန်ခဲ့ရသူ ဖြစ်သည်။

NN

Leave a Reply