RCSSအား တအာင်းနယ်မြေအတွင်းမှ ဆုတ်ခွာရန် TNLA တောင်းဆို

0
121

ဇန်နဝါရီ ၁၅
ကျော်သူမြင့်

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အား တအာင်း(ပလောင်)နယ်မြေအတွင်းမှ ဆုတ်ခွာရန် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး TNLA ကတောင်းဆိုလိုက်ပြီး မလိုလားအပ် သောပြဿနာများ မဖြစ်ပွားစေရန် တွေ့ဆုံညှိနှိုင်းအဖြေရှာမည်ဟု TNLA က ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

TNLA ဗဟိုကော်မတီနှစ်ပတ်လည်အစည်းအဝေးကို ဇန်နဝါရီ ၅ရက်မှ ၉ရက်နေ့အထိ ဗဟိုစစ်ဌာန ချုပ်တွင် ပြုလုပ်ခဲ့ပြီး ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

RCSS နှင့် TNLA တို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသများတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွား လျက်ရှိသည်။

အစည်းအဝေးတွင် နိုင်ငံရေး၊ စစ်ရေးပြင်ဆင်သုံးသပ်ခြင်း၊ အုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက် နိုင်ရန်အတွက် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးဌာနများကို သုံးသပ်ခြင်း၊ လိုအပ်သည့် ဗဟိုလုပ်ငန်းဌာန များကို ပြန်လည်သုံးသပ်ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

NLD ဦးဆောင်သည့် အစိုးရအဖွဲ့က နိုင်ငံရေးဦးဆောင်မှုအားနည်းခြင်းနှင့် မြန်မာ့တပ်မတော် ခေါင်းဆောင်များ တရားသေကိုင်စွဲထားသည့် နိုင်ငံရေးမူဝါဒလမ်းစဉ်တို့ကြောင်း ပြည်တွင်းစစ်မီး ဆက်လက်ပြင်းထန်လာပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုသည် ရှေ့ဆက်တိုးနိုင်မည်မဟုတ်ဟု အ စည်းအဝေးက ရှုမြင်သုံးသပ်ကြောင်းထုတ်ပြန်ချက်အရသိရသည်။

အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအပစ်ရပ်ကြောင်းကြေညာပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများ အားလုံးပါဝင်နိုင်သည့် လက်တွေ့ကျသည့် နိုင်ငံရေးတိုးတက်ပြောင်းလဲမှုဖြစ်စဉ်ဆောင် ရွက်ရန် တိုက်တွန်းကြောင်း TNLA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်းရင်းသားဒေသအသီးသီးတွင် တပ်မတော်မှထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုများကို ပြင်းထန်စွာ ကန့်ကွက်ရှုံချကြောင်း ဖော်ပြထားသည်။

တပ်မတော်က ရှမ်းမြောက်ဒေသအပါအဝင် စစ်တိုင်း(၅)ခုတွင် လေးလကျော်ကြာ စစ်ရေးလှုပ်ရှား မှုများရပ်ဆိုင်းက ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ကြေညာထားသည်။

တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုရပ်ဆိုင်းထားချိန်တွင် ရှမ်းမြောက်ဒေသတွင် RCSS နှင့် SSPP၊ RCSS နှင့် TNLA၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် RCSS နှင့် PNLO တို့သည် စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

Leave a Reply