အဲလက်စ် ဆန်ဒရိုအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ အလိုရှိနေသော ဂျူဗင်တပ်

0
182

ဇန်န၀ါရီ ၉ ၊ ၂၀၁၈

ချယ်လ်ဆီးနည်းပြ ကွန်တီအလိုရှိသော ဂျူဗင်တပ် ဘယ်နောက်ခံလူ အဲလက်စ် ဆန်ဒရိုအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၆၀ ဟု ဂျူဗင်တပ်က သတ်မှတ်လိုက်ကြောင်း သိရသည်။

ချယ်လ်ဆီးနည်းပြကွန်ကွန်သည် ဆန်ဒရိုကို ခေါ်ယူနိုင်ရေးအတွက် ပြီးခဲ့သည့် အပြောင်းအရွှေ့ ကာလ ကတည်းက ကြိုးပမ်းခဲ့ပြီး ယခု ဇန်န၀ါရီ အပြောင်းအရွှေ့ကာလတွင် ထပ်မံ ကြိုးပမ်းလာခြင်း ဖြစ်သည်။သို့သော် ဂျူဗင်တပ်မှ သတ်မှတ်လိုက်သော ပြောင်းရွှေ့ကြေးကြောင့် ချယ်လ်ဆီးအနေဖြင့် ဆန်ဒရိုကို ၀ယ်ယူနိုင်ဖွယ် မရှိကြောင်း မီဒီယာများက ဖော်ပြလျှက်ရှိသည်။

ချယ်လ်ဆီးအသင်းသည် ဆန်ဒရို၏ အပြောင်းအရွှေ့အတွက် ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့တွင် ဂျူဗင်တပ်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ ခန့် တောင်းဆိုလာမှုကြောင့် လက်လျှော့ခဲ့ရကြောင်း တယ်လီဂရက် သတင်းဌာနက ရေးသားထားသည်။

ဆန်ဒရိုသည် အိုးလေဒီဟု အမည်ရသည့် ဂျူဗင်တပ်အသင်းမှ ထွက်ခွာရန် ဆန္ဒရှိနေပြီး ချယ်လ်ဆီးနှင့်အတူ မန်ယူ ၊မန်စီးတီး နှင့် PSG အသင်းများကလည်း စိတ်ဝင်စားနေသူဖြစ်ပါသည်။ သို့သော် အဆိုပါ ကစားသမားအတွက် ဂျူဗင်တပ်အသင်းမှ တောင်းဆိုထားသော ဈေးနှုန်းမှာ အဆမတန် ကြီးမြင့်နေသောကြောင့် အပြောင်းအရွှေ့မှာ ကြန့်ကြာနေလျှက်ရှိသည်။

ချယ်လ်ဆီးနည်းပြကွန်တီသည် ယခုဇန်န၀ါရီအပြောင်းအရွှေ့တွင် အဲဗာတန်အသင်းမှ တောင်ပံကစားသမား ဘာကလေကို ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းဖြင့် စတင်ခေါ်ယူထားပြီး အဲလက် ဆန်ဒရိုကို ချယ်လ်ဆီး အသင်း၏ ဘယ်နောက်ခံလူ ဖြစ်သော မားကို့စ်အလွန်ဆို၏ နေရာအတွက် ဖြည့်ဆည်းနိုင်ရန် အလိုရှိနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

NN

Leave a Reply