တရုတ်နိုင်ငံသို့ တင်ပို့မည့် နွားများ သယ်ဆောင်လာသည့် လိုင်စင်မဲ့ ယာဉ် ဖမ်းဆီးရမိ

0
117

ဇန်နဝါရီ ၁၆
နိုင်လင်းဦး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကျောက်ဆည်မြို့ ရန်ကုန် – မန္တလေး ကားလမ်းဘေး စက်မှုလယ်ယာရုံးအနီးတွင် တရုတ်နိုင်ငံသို့ တင်ပို့မည့် နွားများ သယ်ဆောင်လာသည့် လိုင်စင်မဲ့ယာဉ်ကို ဇန်နဝါရီလ ၁၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်ဆည်မြို့မရဲစခန်း က သိရသည် ။

ဖြစ်စဉ်မှာ ရန်ကုန် – မန္တလေး ကားလမ်းဘေး စက်မှုလယ်ယာရုံးအနီးတွင် သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့ က စည်းကမ်းပျက်ယာဉ်များအား စစ်ဆေးအရေးယူနေစဉ် နွား (၂၁) ကောင် တင်ဆောင်လာသည့် ၁၂ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးခဲ့သည် ။

ထိုသို့စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူ ဦးမျိုးဝင်းအောင် (၃၉) နှစ်သည် ယာဉ်နှင့် ပတ်သက်သည့် အထောက်အထားများ ခိုင်လုံစွာမပြနိုင်ပဲ သက်သေများရှေ့တွင် လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း ထွက်ဆိုခဲ့သည် ။

ထို့အတွက်ကြောင့် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ ဦးမျိုးဝင်းအောင်အား ကျောက်ဆည်မြို့မရဲစခန်းတွင် (ပ) ၄၅/၂၀၁၉ ၊ ပို့ကုန် သွင်းကုန်ဥပဒေ ပုဒ်မ – ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည် ။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ တရုတ်နိုင်ငံသို့ ကျွဲ နွား တင်ပို့မှုအား မှောင်ခိုလုပ်နေသည့်အပြင် လိုင်စင်မဲ့ယာဉ်များအသုံးပြု၍ လုပ်ဆောင်နေခြင်းများရှိကြောင်း တရားဝင် ကျွဲ နွား တင်ပို့သူများထံက သိရသည် ။

Leave a Reply