အဖွဲ့လိုက်​ ပါရာမိုတာ စီးနင်း​မောင်းနှင်​ရန်အတွက်​ အစမ်း​လေ့ကျင့်​ပျံသန်းမှုပြုလုပ်

0
112

ဇန်​နဝါရီ ၁၇
နိုင်လင်းဦး

မန္တလေးမြို့ အမရပူရမြို့နယ် တောင်သမာန်အင်းဘေး ဦးပိန်​တံတားအနီးတွင် ဇန်နဝါရီလ ၁၇ ရက်နေ့က အဖွဲ့လိုက်​ ပါရာမိုတာ စီးနင်း​မောင်းနှင်​ရန်အတွက်​ အစမ်း​လေ့ကျင့်​ပျံသန်းမှုပြုလုပ်ခဲ့သည် ။

မြန်​မာနိုင်​ငံ ​လေထီးခုန်​အဖွဲ့ချုပ်​၏ စီစဉ်​မှုဖြင့် ပထမဆုံး အကြိမ်​ အဖွဲ့လိုက်​ (ပါရာမိုတာ) စက်တပ်​​လေထီး​မောင်းနှင်​သွားမည်ဖြစ်ပြီး ထိုင်းနိုင်​ငံ Asean Paramotoring Club ( FLY ASEAN ) က ပါရာမိုတာမောင်းနှင်ကျွမ်းကျင်သူ (၄) ဦးနှင့် မြန်​မာနိုင်​ငံ က ပါရာမိုတာ ကျွမ်းကျင်​သူ ​​(၄) ဦး တို့ ​မောင်းနှင်​ပျံသန်းသွားမည်ဖြစ်သည် ။

“အာစီယံ နိုင်​ငံက အားကစား သမားအချင်းချင်း ချစ်​ကြည်​ရင်းနှီးမှု ရ​အောင်​၊ မြန်​မာနိုင်​ငံ ရဲ့ သဘာဝအလှ​တွေကို​ကောင်းကင်​​ပေါ်က​နေ ကြည့်​ရှု ခံစားနိုင်​​အောင်​၊ ပြီး​တော့ အတတ်​ပညာ ချင်း ဖလှယ်​တာ​ပေါ့။ သူတို့ ကလည်း ကျွန်​​တော်​ တို့ဆီက အတတ်​ပညာယူတယ်​ ။ ကျွန်​​တော်​တို့ကလည်း သူတို့်​ဆီက အတတ်​ပညာ​တွေ ဆည်းပူးဖလှယ်​နိုင်​​အောင်​ပါ။ အဓိက ကဒီရည်​ရွယ်​ချက်​ သုံးခုနဲ့ ကျင်းပရတာဖြစ်​ပါတယ်​ ။´´ ဟု မြန်​မာနိုင်​ငံ ​လေထီးခုန်​ အဖွဲ့ချုပ်​ အတွင်း​ရေးမှူး ဦး​အောင်​နိုင်​သူ က​ ပြောသည်​။

ပထမဆုံး အကြိမ်​ အဖွဲ့လိုက်​ (ပါရာမိုတာ) စက်တပ်​​လေထီး​မောင်းနှင်​မှုကို ဇန်​နဝါရီလ ၁၈ ရက်​နေ့တွင် မန္တလေးမြို့ ဦးပိန်​တံတား မှ ဧရာဝတီမြစ်​​ဘေးမှာရှိ ရှမ်း​လေးကျွန်းရွာသို့လည်းကောင်း ၊ ဇန်​နဝါရီလ ၁၉ ရက်​နေ့တွင် ပြင်​ဦးလွင်​ မြို့​​ပေါ် မှ ​စေတလုံးရွာအထိလည်းကောင်း၊ ဇန်​နဝါရီလ ၂၀ ရက်​နေ့တွင် ​နောင်​ချိုမြို့အားကစားကွင်း မှ ​နောင်​ပိန်​ရွာသို့ လည်းကောင်း မောင်းနှင်ပျံသန်းခြင်းများပြုလုပ်မည်ဖြစ်သည် ။

ထိုသို့ ပျံသန်းရာတွင် ဆင်းသက်​မည့်ကျေးရွာများရှိ စာသင်​​ကျောင်း မှ က​လေးငယ်​များအားေ​လ​ကြောင်းဗဟုသုတ အ​ထောက်​အကူပြပစ္စည်း​​တွေနှင့် ​လေယဉ်​ပျံ ပုံစံငယ်​များကို လက်​​ဆောင်​​ပေးအပ်​သွားမည်​ဖြစ်​ကြောင်း သိရသည် ။

Leave a Reply