သံတွဲမြို့နယ်အတွင်းမီးလာင်မှုဖြစ် လူတစ်ဦးသေဆုံး

0
110

ဇန်နဝါရီ ၁၇
ညိုမှိုင်း

ရခိုင်ပြည်နယ်သံတွဲမြို့၊ အမှတ် ၈ ရပ်ကွက်အတွင်းရှိ ဈေးဆိုင်ခန်းတစ်ခန်း ယနေ့နံနက် ၁ နာရီခွဲခန့်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းအတွင်းအိပ်နေသည့် လူတစ် ၇ ဦးအနက် တစ်ဦးမှာသေဆုံးမှုဖြစ်ပွားခဲ့သည်။

သေဆုံးသူမှာ အသက် ၃၈ နှစ်ခန့်ရှိသည့် ဦးကျော်ဇေယျ (ခ) အရှည်ကြီးဖြစ်ပြီး ၎င်းမှာဆိုင်ခန်းစောင့်ဖြစ်ကာ ဆိုင်ခန်းအတွင်းအိပ်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် မီးခိုးမွှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

“မီးကတော့ မနက် ၁ နာရီခွဲလောက်မှာစလောင်တယ်လို့ သိရပါတယ်။ ဆိုင်ခန်းတစ်ခန်းလောင်သွားတယ်။ ဆိုင်ခန်းထဲမှာအိပ်နေတဲ့ အစောင့်က မီးလောင်နေတဲ့အချိန်မှာ မီးခိုးမွှန်ပြီးတော့ သေဆုံးသွားတယ်။”ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာမှာ သံတွဲမြို့ အမှတ် ၈ ရပ်ကွက်အတွင်းရှိ ကျော်ဇံ ဆီဆိုင်အနီးရှိ ဈေးဆိုင်ခန်းဖြစ်ပြီး လျှပ်စစ် ဒါးမီးကနေ အပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“မီးလောင်ခဲ့တာက အံတော်ရွာသစ် ကျော်ဇံဆီဆိုင်နားမှာလောင်တာပါ။ အဲဒီနေရာက ဈေးဆိုင်တန်းတွေရှိတယ်။ ကုန်ခြောက်ရောင်းတဲ့ဆိုင်ကိုလောင်တာပါ။ စလောင်တာကတော့ ဆိုင်ခန်းအဟောင်းမှာတပ်ထားတဲ့ လျှပ်စစ် ဒါးမီးခုံကနေ စလောင်တာဖြစ်ပါတယ်။”ဟု မီးသတ်တပ်ဖွဲ့က ပြောသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် သံတွဲမြို့နယ်မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်မှုပြုလုပ်ခဲ့ရာ ၁ နာရီ ၅၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း သံတွဲမြို့မဈေးကြီးရှိ ပလက်စတစ်ပိုက်များ သိုလှောင်သည့် ဆိုင်ခန်းတစ်ခန်းမှာ မီးလောင်မှုဖြစ်ပွားခဲ့သည်။

Leave a Reply