ရွှေဆေးခွာခြင်းမှ ထွက်ရှိလာသည့် အပိုင်းအစများဖြင့် ကောင်းမူတော်စေတီပုံစံ အရန်စေတီတစ်ဆူ တည်ထားမည်

0
87

ဇန်နဝါရီ ၁၇
နိုင်လင်းဦး

စစ်ကိုင်းမြို့ ရာဇမဏိစူဠာကောင်းမူတော်စေတီကြီး လက်ရှိ ရွှေဆေးသင်္ကန်းမှ အဖြူရောင်ဆေးသင်္ကန်းပြောင်းလဲကပ်လှုခြင်းလုပ်ငန်းမှ ထွက်ရှိလာမည့် ရွှေဆေးအမှုန်များ၊ အင်္ဂတေအပိုင်းအစများဖြင့် ကောင်းမူတော်စေတီပုံစံငယ်တစ်ဆူ တည်ထားသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ က သိရသည်။

ထိုသို့ အဖြူရောင်ဆေးသင်္ကန်းကပ်လှူနိုင်ရန်အတွက် ပညာရှင်များနှင့် တိုင်ပင်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး သီတဂူဆရာတော်ဘုရားကြီး ရွေးချယ်ခဲ့သည့် အောင်ကြည်မြိုင် ကုမ္ပဏီ က တာဝန်ယူ၍ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ စတင်ဆောင်ရွက်ခဲ့သည် ။

“အရံစေတီ ကောင်းမှုတော် စေတီပုံစံပြန်တည်မှာ ။ ဉာဏ်တော်အမြင့် ဘယ်လောက် ဘယ်နေရာမှာတည်မလဲ ဆိုတာ ဘာမှ မသိသေးဘူး ။ လုပ်ငန်းတွေ အကုန်ပြီးမှ ဆက်လုပ်ရမှာဖြစ်တယ် ။ ခုတော့ လေးဆယ့်ငါး ရာခိုင်နှုန်းပြီးစီးနေပြီ ” ဟု ဘုရားဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလွင် က ပြောသည် ။

ကောင်းမှုတော်စေတီတော်မြတ်ကြီးကို အဖြူရောင်ပြန်သုတ်မှုအား သီတဂူဆရာတော်ဘုရားကြီး၏ မွေးနေ့ဖြစ်သည့် တပေါင်းလပြည့်နေ့မတိုင်ခင် အပြီးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း သိရသည် ။ ဘုရားကြီး အနေဂဇာတင်ခြင်းကိုလည်း တပေါင်းလပြည့်နေ့တွင် သံဃာအပါး (၁၀၀၀) ဖြင့် ပြုလုပ်သွားမည်ဖြစ်သည် ။

၂၀၁၀ ခုနှစ် ဒီဇင်ဘာလ (၁၉)ရက်နေ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဘုရားဖူးခရီးစဉ်အပြီး ဒီဇင်ဘာလ (၂၂) ရက်နေ့ တွင် သြဝါဒဆရာတော်ဘုရား ကြီး(၅)ပါးထံတွင် သြဝါဒခံယူပြီး ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့စ၍ လုံးတော်ပြည့် ရွှေ သင်္ကန်း ကပ်လှူပူဇော်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည် ။ ရွှေဆေး သင်္ကန်း ကပ်လှူရန် အ တွက် အလှူငွေ ကျပ်သိန်း (၇၀၀၀)ကျော် ရရှိခဲ့ပြီး ရွှေဆေးသင်္ကန်း ကပ်လှူမှု ကုန်ကျ ငွေ ကျပ်သိန်း (၃၅၀၀) ကုန်ကျကာကျန်ငွေများကို ဘဏ်စာရင်းဖွင့်၍ လုပ်ငန်းကော်မတီမှ အပ်နှံထားကြောင်း ဂေါပကအဖွဲ့၏ မှတ်တမ်းများ အရ သိရသည်။

Leave a Reply