အလုံမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ နှင့် နိုင်ငံရေးအင်အားစုများက အလုံရဲစခန်းကို ဆန္ဒထုတ်ဖော်

0
111

ဇန်နဝါရီ ၁၈
ကိုလူသစ်

ရန်ကုန်တိုင်းဒေသကြီး၊အလုံမြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၁၈ခုနှစ်တွင် တရားဥပဒေစိုးမိုးရေး နှင့် ပြည်သူ့ဘဝလုံခြုံရေးကိုထိခိုက်စေသည့်ဖြစ်စဉ်များစွာ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ယင်းမတရားသောဥပဒေများစိုးမိုးနေခြင်းအပေါ် အလုံမြို့နယ် ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ နှင့် နိုင်ငံရေးအင်အားစုများက ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

”ကျွန်တော်တို့ ဒီနေ့၊ဒီနေရာကိုရောက်လာတာဟာ ကျွန်တော်တို့ဒေသမှာ လိုအပ်နေတဲ့ကွက်လပ်ကိုဖြည့်ဆည်းဖို့လာတာပါ။ကျွန်တော်တို့တတွေ။အိမ်ထဲမှာနေထိုင်နေတဲ့ ပြည်သူတွေဟာ ကျွန်တော်တို့အိမ်တွေကို ၂၄နာရီသော့ပိတ်ပြီးနေရမယ့်အနေအထားဖြစ်နေပါတယ်။ကျွန်တော်တို့နိုင်ငံမှာ၊ကျွန်တော်တို့ ရန်ကုန်တိုင်းမှာ တရားဥပဒေစိုးမိုးရေးဟာ အင်မတန်ကို အားနဲနေပါတယ်။အဲ့ဒိအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ပြည်သူတွေလဲုခြုံမှုမဲ့နေတာကို ဘယ်လိုစီမံဆောင်ရွက်ပေးမလဲဆိုတာကို သိချင်လို့ ကျွန်တော်တို့ ဒီနေရာကိုရောက်လာတာပါ”ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဌေးအောင်က ပြောကြားသည်။

်ယင်းဆန္ဒထုတ်ဖော်မှုတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ နှင့် နိုင်ငံရေးအင်အားစု အင်အား ၃၀ ခန့်က အလုံဈေးရှေ့ ငုဝါလမ်းတွင် နံနက် ၁၀ နာရီခန့်အချိန်၌ စုဝေးခဲ့ကြပြီး အလုံဈေးအရှေ့မှ ငုဝါလမ်းမကြီး၊နှင်းဆီလမ်း၊အထက်ကြည့်မြင်တိုင်လမ်း အလုံမြို့မရဲစခန်းအရှေ့မှ ဌာနလမ်း၊နှင်းဆီလမ်းအထက်ကြည့်မြင်တိုင်အတိုင်း အလုံမြို့ရဲစခန်းကို တစ်ပတ် ပတ်ကာ အလုံမြို့ရဲစခန်းအရှေ့တွင် ၅မိနစ် ခန့် ဆန္ဒထုတ်ဖော် စီတန်းလှည့်လည်ခဲ့ကြောင်း သိရသည်။

”ကျွန်တော်တို့အများပြည်သူက ဥပဒေကိုချိုးဖောက်ရင် အရေးယူ အပြစ်ပေးခံရပါတယ်။ရဲတပ်ဖွဲ့ဝင်တွေက ပြည်သူတွေအပေါ်ဥပဒေချိုးဖောက်ရင် တောင်းပန်းယုံနဲ့ပြီးသွားမယ်ဆိုရင် နစ်နာတဲ့ပြည်သူတွေအတွက် များစွာထိခိုက်ပါတယ်။ဒါကြောင့်အခုလိုဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်”ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုလေးမောင်က ပြောကြားသည်။

အလုံမြို့နယ်အတွင်း၌ ပြီးခဲ့သည့် ၂၀၁၈ခုနှစ်အတွင်းတွင် အမှုကြီး ၁၀မှုဖြစ်ပွားခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလှိုင်လ ၂၇ ရက်နေ့ တွင် အလုံမြို့နယ် အထက (၂) ကျောင်းရှေ့၌ ဖုန်းလုယက်ခံရမှု၊၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အလုံလမ်းဘူတာရှိ ရထားစောင့်နေသည့် လူငယ်တဦး ဦးခေါင်းရိုက်နှက်ခံရပြီး ဖုန်းလုယက်ခံရမှု၊၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် ခရီးသွားလုပ်ငန်းရှင်တဦးအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဖုန်းခိုးသည်ဟုဆိုကာ မှားယွင်းဖမ်းဆီးရိုက်နှက်စစ်ဆေးခဲ့မှု၊၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် မင်းရဲကျော်စွာလမ်း ခြံအမှတ် (၅၁/B) တွင် အနုကြမ်းစီးမှုဖြစ်ပွားခဲ့ကြောင်းနှင့်၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အလုံလမ်း g&g store ၌ အနုကြမ်းစီးခံရမှုဖြစ်စဉ်များဖြစ်ပွားခဲ့ကြောင်းသိရသည်။

ထို့ပြင်၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် အလုံလမ်းဖုန်းလုယက် ခံရမှု၊၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဧရာဝတီလမ်း အမှတ်(၈၀) ဖောက်ထွင်းခံရမှု၊၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အလုံရဲစခန်းအနီး ကိုက်ကြေးကိုက်ဆိုင် အုပ်စုဖွဲ့ရမ်းကားမှု၊၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဧရာဝတီလမ်း၌ ဖောက်ထွင်းခံရမှု၊၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် ဆိုင်ကယ်ဖမ်းဆီးမှုနှင့်ပတ်သတ်ပြီး ရဲတပ်ဖွဲ့မှ ဒေသခံပြည်သူများကို ကြိမ်းမောင်းပြောဆိုမှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

Leave a Reply