ပျော်ဘွယ်မြို့နယ် တိုင်း (၁) ကိုယ်စားလှယ်အား NLD ခရိုင်ဒုဥက္ကဋ္ဌ က တရားရုံးဦးတိုက်လျှောက်ထားမှု ၅၀၅ (ခ) ဖြင့် တရားစွဲဆိုရန် အမိန့်ချ

0
94

ဇန်နဝါရီ ၁၈
နိုင်လင်းဦး

မန္တ​လေးတိုင်း​ဒေသကြီး ရမည်းသင်းခရိုင်​ ​ပျော်​ဘွယ်​မြို့နယ်​ မဲဆန္ဒနယ် အမှတ်​(၁) တိုင်းဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​အား ရမည်းသင်းခရိုင်​ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဒုဥက္ကဋ္ဌ က တရားရုံးဦးတိုက်လျှောက် တရားစွဲဆိုထားပြီး ဇန်နဝါရီလ ၁၈ ရက်နေ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (ခ) ဖြင့် တရားစွဲဆိုရန် အမိန့်ချခဲ့သည် ။

ပျော်​ဘွယ်​မြို့နယ်​ မဲဆန္ဒနယ် အမှတ်​(၁) တိုင်းဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးတင်​စိုး အနေဖြင့် ဘာသာရေး လူမျိုးရေး ထိတ်လန့်စေသည့်အကြောင်းများဟောပြောခြင်း ၊ နိုင်ငံတော်အကြည်အညိုပျက်စေသည့် စကားများဟောပြောခြင်း တို့ ပြုလုပ်ခဲ့သည်ဟုဆိုကာ တရားရုံးဦးတိုက်လျှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည် ။

“တရားသူကြီးက ၅၀၅ (ခ) နဲ့ တရားစွဲဆိုဖို့ ဒီနေ့အမိန့်ချတယ် ။ တရားရုံးက ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ် ။ ကျွန်တော်တို့ ဘက်ကလည်းရှေ့နေငှားထားပြီးပါပြီ ” ဟု ရမည်းသင်းခရိုင်​ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဒုဥက္ကဋ္ဌ ဦးညီညီလွင် က ပြောသည် ။

ပျော်​ဘွယ်​မြို့နယ်​ မဲဆန္ဒနယ် အမှတ်​(၁) တိုင်းဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးတင်​စိုးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်ပြီး တရားစွဲဆိုခြင်းသည် ပါတီမုန်းတီးစိတ်ကြောင့် မဟုတ်ကြောင်း ဦးညီညီလွင် က ဆက်လက် ပြောသည် ။

“ပြည်သူ့ကိုယ်စားလှယ်ကို တရားစွဲတာ ပြည်သူကိုတရားစွဲတာလို့ ကျွန်တော်ကတော့ မြင်တယ် ။ ဒီမိုကရေစီစန်မှာ ဒီမိုကရေစီစံနှုန်းနဲ့အညီ ကျင့်သုံးနေတဲ့အချိန်မှာ ဒီလိုတွေသာတရားစွဲနေရင် ဒီမိုကရေစီကိုနောက်ပြန်စွဲသလားလို့ ကျွန်တော်တို့ သံသယဖြစ်ပါတယ်။ ဒါ့ကြောင့် တာဝန်ယူဆောင်ရွက်ကြတဲ့လူတွေအနေနဲ့ ဒါကိုဆင်ဆင်ခြင်ခြင်နဲ့ ပြန်လည်သုံးသပ်ဖို့ ပြောချင်ပါတယ် ” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က ပြောသည် ။

ဦးတင်​စိုး အနေဖြင့် နိုင်ငံတစ်နိုင်ငံတွင် စစ်တပ်မရှိ၍ မဖြစ်ကြောင်း စစ်တပ်မရှိပါက တိုင်းပြည်ကျွန်ဘဝ ပြန်ရောက်နိုင်ကြောင်း ၊ အစိုးရအနေဖြင့် ရခိုင်မှာရှိသည့် ကုလားများအတွက် အိမ်ဆောက်ပေးနေကြောင်း စသည့်အချက်များကို ဟောပြောခဲ့ခြင်းဖြစ်သည် ။

Leave a Reply