“ဖေဖော်ဝါရီလကုန်ပိုင်းမှာ အမှုပြီးပြတ်နိုင်” ဟု ဒေါက်တာအေးမောင်ပြော

0
84

ဇန်န၀ါရီ ၁၈
ညိုမှိုင်း

နိုင်ငံတ်ာပုန်ကန်မှုပုဒ်မနဲ့ တရားရင်ဆိုင်နေကြရတဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးကို ဒီကနေ့ စစ်တွေခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့သည်။

၎င်းတို့ရင်ဆိုင်နေရသည့်မှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်တရားလွှတ်တော်သို့ အမှုအားလုံးကိုပယ်ဖျက်ပေးရန် လျှောက်လဲချက်ကို တရားလွှတ်တော်က ပယ်ချလိုက်ပြီး မူလရုံးဖြစ်သည့် စစ်တွေခရိုင်တရားရုံးတွင် ဆက်လက်ရင်ဆိုင်နေရခြင်းဖြစ်ကာ အမှုအခြေအနေမှာ လာမည့်ဖေဖော်ဝါရီလကုန်ပိုင်းတွင် ပြီးပြတ်နိုင်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဒုတိယပြည်နယ်ဥပဒေအရာရှိရဲ့ နောက်ဆုံးလျှောက်လဲချက်မှာတော့ ဒေါက်တာအေးမောင်ရဲ့ ဟောပြောချက်များသည် နိုင်ငံရေးဆန်ဆန် ယေဘုယျသဘောတရားများကိုသာ ဟောပြောသွားခဲ့ဖြင်းဖြစ်ကြောင်း ဒေသခံပြည်သူများအား နိုင်ငံရေးအသိစိတ်ဓါတ်ရရှိအောင် ဟောပြောခဲခြင်းသာဖြစ်ကြောင်း သုံးသပ်တွေ့ရှိရကြောင်း ဆိုတာကို ပြည်နယ်ဥပဒေအရာရှိက လျှောက်တယ်။ အဲဒီတော့ အကုန်လုံးကို ရေးပြီးတဲ့အခါမှာ စီရင်ထုံးနှစ်ခုနဲ့ ဒေါ်ဝါ၀ါထွန်းက အောက်ကိုချပစ်တယ်။”ဟု ဒေါက်တာအေးမောင်က အယူခံပါယ်ချခံရမှုနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။

ထို့အပြင် အောက်ရုံးတွင် အားလုံးကို စစ်ဆေးမှုများပြုလုပ်ပြီးဖြစ်ကာ စွဲချက်နှင့်ပတ်သက်၍လည်း စွဲဆိုခံထားရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ဘက်မှ တုံ့ပြန်မှုများပြုလုပ် ထားပြီးဖြစ်ကြောင်း ပြောသည်။

“ကျွန်တော်တို့က အောက်မှာအကုန်လုံးကို စစ်ပြီးပါပြီ။ အဲဒီတော့ ကျွန်တော်တို့က စွဲချက်နဲ့ပတ်သက်တဲ့ဟာကို အကုန်ဖြေရှင်းပြီးပြီ။ ဘာကြောင့်ကျွန်တော်က ဒီလိုပြောတယ်။ စွဲချက်ဆိုတာကလည်း ခင်ဗျားတို့ကျွန်တော်တို့ သိပါတယ်။ ပထမဗျာ ဦးကျော်နုစွဲတဲ့အခါမှာ မြို့နယ်ထွေ/အုပ်ကနေပြီးတော့ ဒီလိုပဲဘာသာပြန်တယ်ဆိုပြိး စွဲတယ်။ ဦးခင်မောင်ဦးက ဦးတိုက်လျှောက်တယ်။ အဲဒီမှာပါတဲ့စာသားဟာ ကျွန်တော်တို့ပြောတာနဲ့မတူဘူး။ အမှုကတော့ လာမယ့်ဖေဖော်ဝါရီလ ကုန်ပိုင်းလောက်ဆိုရင် ပြီးနိုင်ပါတယ်။”ဟု ဒေါက်တာအေးမောင်က ပြောသည်။

လက်ရှိပြည်နယ်တရားလွှတ်တော် တရားသူကြီးဒေါ်ဝါ၀ါထွန်းက တရားလိုများဘက်မှ တင်သွင်းခဲ့သည့် တစ်ဆင့်ခံကူးယူထားသော စီဒီခွေကို သက်သေခံဝင်ကြောင်းသုံးသပ်ကြောင်း ဒေါက်တာအေမောင်က ဆက်လက်ပြောကြားခဲ့သည်။

Leave a Reply