EU မှ မြန်မာ့ဆန်အား အခွန်​ပြန်​ကောက်​ရန်​ ဆုံးဖြတ်​ခဲ့ခြင်းကြောင့်​ ဈေးကွက်​သစ်​ရှာဖွေမည်

0
122

ဇန်​နဝါရီ ၁၈
ဝေဝေဖြိုး

ဥရောပသမဂ္ဂ(EU)မှ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့က တင်ပို့နေသည့် ဆန်လုံးရှည် အမျိုးအစားကို ၃ နှစ်ခန့် အခွန် ပြန်လည် ကောက်ခံသွား မည်ဖြစ်သောကြောင့်​ဈေးကွက်​သစ်​များ ရှာဖွေသွားမည်​ဖြစ်​ကြောင်း စီးပွားရေးနှင့်​ကူးသန်းရောင်းဝယ်​ရေးဝန်​ကြီးဌာန ၊မြန်​မာကုန်​သွယ်​မှု မြှင့်​တင်​ရေးအဖွဲ့မှ ညွှန်​ကြားရေးမှူး ချုပ်​ ဦးအောင်​စိုးကပြောသည်

ဈေးကွက်​သစ်​အနေဖြင့်​ အင်​ဒိုနီးရှား၊ဖိလစ်​ပိုင်​၊ ဘင်္ဂလားဒေ့ရှ်​ နှင့်​ အာဖရိကနိုင်​ငံများထဲ၌ ထပ်​မံ ဝယ်​နိုင်​သည့်​ အလားအလာရှိသူများကို ရှာဖွေသွားမည်​ဟုဆိုသည်​။

“ကျန်​တာတွေက ဆက်​ပို့လို့ရပါတယ်​။ EU က ဒီလို အခွန်​ကောက်​မယ့်​အချိန်​မှာ အခြားဈေးကွက်​ကို ရှာရမယ်​။လက်​ရှိ သူတို့ရဲ့ အခွန်​က တော်​တော်​မြင့်​တဲ့အတွက်​ လက်​တလောတော့ ပေးနိုင်​မှာမဟုတ်​ဘူး။ ကိုယ့်​ဘက်​က ထုတ်​လုပ်​မှုစရိတ်​တွေကို လျော့ချနိုင်​မယ်​ဆိုရင်​တော့ EU ဈေးကွက်​ကို ပြန်​ပို့နိုင်​မှာပါ။ သူကလဲ တစ်​နှစ်​ချင်း လျော့လျော့သွားဖို့တော့ရှိပါတယ်​။ ဒါ၃နှစ်​ကျော်​ရင်​တော့ အပြောင်းအလဲဖြစ်​နိုင်​ပါတယ်​။ တခြားဈေးကွက်​အသစ်​တွေကို ရှာပြီးတော့ ပို့လိုက်​နိုင်​ရင်​ ဒီလောက်​ပမာဏကတော့ သိပ်​ပြီးတော့ ဆိုးဆိုးဝါးဝါး မထိခိုက်​နိုင်​ပါဘူး”ဟု ၎င်းကပြောသည်​။

မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ဆန်တိုးမြှင့်တင်သွင်းမှုသည် ဥရောပမှ ဆန်စိုက်ပျိုးထုတ်လုပ်သူများကို စီးပွားရေးအရ နစ်နာစေခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုတစ်ရပ်အရ သိရှိခဲ့ရ၍ ဥရောပကော်မရှင် အနေဖြင့် သွင်း ကုန်အခွန်များကို ပြန်လည်ကောက်ခံရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဥရောပသမဂ္ဂ(EU) ကော်မရှင်က ယခုလ ၁၆ ရက်ရက်စွဲဖြင့် ထုတ်ပြန်
ကြေညာခဲ့ခြင်းဖြစ်​သည်။

ယင်းဆုံးဖြတ်ချက်အရ ဇန်န၀ါရီလ ၁၈ ရက်မှ စတင်၍ ဆန်ချောတင်သွင်းမှုအပေါ် သွင်းကုန်အခွန် ကောက်ခံသွားမည်ဖြစ်ပြီး ပထမနှစ်တွင် တစ်တန်လျှင် ၁၇၅ ယူရို၊ ဒုတိယနှစ်တွင် ယူရို ၁၅၀၊ တတိယနှစ်တွင် ၁၂၅ ယူရိုဖြင့်​ နှစ်အလိုက် အခွန်နှုန်းထားများကို လျော့ချကောက်ခံသွားမည် ဖြစ်သည်။

“အခွန်​ပြန်​ကောက်​တယ်​ဆိုတာ လုံးဝဈေးကွက်​ပိတ်​သွားတာမဟုတ်​ဘူး အခွန်​ပေးပြီးတော့ သူများနိုင်​ငံတွေကလဲ အခွန်​ပေးပြီးတော့ ရောင်းနေတယ်​ ဥပမာ ထိုင်း၊ ဗီယက်​နမ်​တို့ဆိုလဲ အခွန်​နဲ့သွားနေတာဆိုတော့ အဲ့နေရာမှာ ယှဉ်​ပြိုင်​နိုင်​အောင်​လုပ်​လိုက်​မယ်​ဆိုရင်​ ဈေးကွက်​က ဆုံးရှုံးရမှာမဟုတ်​ဘူး ။ဒါတွေကို ပြင်​ဆင်​ဖို့လိုတယ်​ ။အရမ်းဝေးတဲ့ နိုင်​ငံ ဈေးကွက်​တွေ က အပြောင်းအလဲတွေများတဲ့အခါ ဆွေးနွေးရတာတွေက အချိန်​ကြာတယ်​။ ကိုယ်​နဲ့နီးစပ်​တဲ့နိုင်​ငံတွေ အထူးသဖြင့်​အာဆီယံနိုင်​ငံတွေကို ပိုပြီးတော့ အားထည့်​ပြီး ဈေးကွက်​ဖြန့်​ဖို့ကလဲ အရေးကြီးတယ်​။”ဟု မြန်​မာနိုင်​ငံဆန်​စပါး အသင်းချုပ်​မှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်​ကပြောသည်​။

မြန်​မာနို​င်​ငံအနေဖြင့်​ EU နို​င်​ငံများသို့ အများဆုံးတင်​ပို့သည့်​ ဆန်​မှာ ဆန်​ကွဲနှင့်​ ဆန်​လုံးပု တို့ဖြစ်​သောကြောင့်​ ဆန်​လုံးရှည်​အပေါ် အခွန်​ပြန်​လည်​ကောက်​ခံခြင်းသည်​ သက်​ရောက်​မှု အနည်းငယ်​သာ ရှိနိုင်​မည်​ဖြစ်​သည်​။

EU ဘက်​မှ အခွန်​ပြန်​လည်​ကောက်​ခံလာခြင်းကြောင့်​ ပြည်​ပနိုင်​ငံများနှင့်​ ပိုမိုယှဉ်​ပြိုင်​သွားရမည်​ဖြစ်​ပြီးဆန်​တင်​ပို့ရောင်းချနေ သည့်​ ထိုင်း ၊ဗီယက်​နမ်​၊ ပါကစ္စတန်​ ၊အိန္ဒိယနိုင်​ငံတို့နှင့်​ ယှဉ်​ပြိုင်​နိုင်​အောင်​ ကြိုးစားရ မည်​ဖြစ်ကြောင်း သိရ​သည်​။

ယင်းနိုင်​ငံများနှင့်​ မယှဉ်​ပြိုင်​နိုင်​ဘဲ အခက်​အခဲများ ယခု ထက်​ပိုများလာပါက တိုင်းပြည်​စီးပွားရေး နှင့်​ တောင်​သူများ အပေါ်တွင်​ သက်​ရောက်​မှုရှိနို​င်​သောကြောင့်​ အစိုးရနှင့်​ ပုဂ္ဂလိကကဏ္ဍများအနေဖြင့်​ယခုထက်​ပိုထိရောက်​စွာ ပူးပေါင်းဆောင်​ရွက်​ရန်​ လိုပြီဟုဆိုသည်​။

၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် ဥရောပသမဂ္ဂ နိုင်ငံများသို့ စုစုပေါင်း ဆန်​တန်​ချိန်​ (၄) သိန်းကျော် တင်ပိုနိုင်ခဲ့ပြီး ယင်းပမာဏတွင် ဆန်လုံးရှည် တင်ပို့မှုမှာ ၁၀ ရာခိုင်နှုန်းနှင့် ၁၅ ရာခိုင်နှုန်းခန့်သာရှိကြောင်း သိရသည်။

ဆန်တင်သွင်းမှုနှင့် ပတ်သက်၍ ကုန်သွယ်ရေး အကာအကွယ်များ ပြုလုပ်ရန် အီတလီအစိုးရက ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အဆိုပြု ဆွေးနွေးလာခြင်းဖြစ်ပြီး အီးယူအဖွဲ့ဝင် ဆန်ထုတ်လုပ်သည့် နိုင်ငံများဖြစ်သည့် စပိန်၊ ပြင်သစ်၊ ပေါ်တူဂီ၊ ဂရိ၊ ဟန်ဂေရီ၊ ရိုမေးနီးယားနှင့် ဘူဂေးရီးယား နိုင်ငံတို့မှ ထောက်ခံခဲ့ကြခြင်းဖြစ်​သည်။

Leave a Reply