လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်နေခြင်း ယောင်္ကျားမပီသ ဟု ယူဆကြောင်း တပ်မတော်ပြော

0
182

ဇန်န၀ါရီ ၁၈

ယဉ်ကေနွယ်

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် AA သောင်းကျန်းသူများအဖွဲ့များမှ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအား ၀င်ရောက်တိုက်ခိုက်မှုသည် ယောင်္ကျားမပီသဟု ယူဆကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ၏ဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ်စိုးနိုင်ဦးကပြောသည်။

“တပ်မတော်က ခံရတာ မဟုတ်ဘူး ရဲစခန်းလေးတွေကို ၀င်တိုက်တာ အဲ့တော့ ၂၀၁၆ မှာပဲကြည့်ကြည့် ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့မှာ ပဲ ကြည့်ကြည့် ရဲစန်းလေးတွေကို ၀င်တိုက်တာ သူတို့က လုံခြုံရေးတွေ။ ဒီတပ်မတော်နဲ့ ကျန်တဲ့ အီးအေအိုနဲ့ တိုက်တာမျိုးကရှင်းတယ်။လုံခြုံရေး ယူထားတဲ့ အဖွဲ့တွေကို တိုက်တယ်ဆိုတာက မရှိသလောက်ပဲ။ဒါကို တမင် အခွင့်ကောင်းယူတိုက်တာ မျိုးဖြစ်တယ်။ တနည်းအားဖြင့် တော့ စစ်သားစကားနဲ့ ပြောရရင် ယောင်္ကျားမပီသတာပဲ ဒီလိုမျိုးပဲ ကျွန်တော်တို့ ယူဆတယ်။ ဒါကြောင့်မို့လို့ ဒီဟာမျိုးဖြစ်တဲ့အတွက်ခံရတယ်”ဟု ဗိုလ်ချုပ်စိုးနိုင်ဦးကပြောသည်။

ယနေ့ နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ကျင်းပပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် ဗိုလ်ချုပ်စိုးနို်င်ဦးမှ အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ASRAအဖွဲ့နှင့် AA သောင်းကျန်းသူအဖွဲ့များ၏အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်မှုများသည် တပ်မတော်အနေဖြင့် ခံနေရခြင်း မဟုတ်ကြောင်း ၎င်းကပြောသည်။

“ဒီလို မျိုးအားနည်းတဲ့ ရဲစခန်းလေးတွေကို အင်အားအလွန်အကျွံသုံးပြီးတော့မှ တိုက်တယ်။အာဆာတိုက်တုန်းကလည်း အင်အားအများကြီးနဲ့ ကျွန်တော်တို့ လူနည်းနည်းလေးကို လာတိုက်တယ်။ အခုလည်း ဒီလိုပါပဲ ။ဒါသည် ကျွန်တော်တို့ တပ်ကို တိုက်တာ မဟုတ်ဘူး။လုံခြုံရေးကို တိုက်တာ”ဟု ၎င်းကပြောသည်။

ထိုသို့ ၀င်ရောက်တိုက်ခိုက်ခြင်းသည် ဥပဒေ အရ ကျူးလွန်မှုသည် ပိုမိုကြီးမားကြောင်း ဗိုလ်ချုပ်စိုးနိုင်ဦးကပြောသည်။

AA ၏ လုပ်ဆောင်ချက်များသည် နိုင်ငံတော်အစိုးရ၊တပ်မတော်နှင့် ပြည်သူများ၏သွားနေသည့် လမ်းကြောင်းနင့် တခြားစီဖြစ်နေသည့် အတွက် ၎င်း ၏လုပ်ဆောင်ချက်များပြုပြင်ပြောင်းလဲနိုင်မှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်စိုးနိုင်ဦးကပြောသည်။

AA သောင်းကျန်းသူ အဖွဲ့မှ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့က ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်း ၄ ခု အား ၀င်ရောက်တိုက်ခိုက်ခဲ့သည့် အတွက် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံခဲ့ပြီး ၉ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ညွှန်ကြားချက်အတိုင်း ဇန်န၀ါရီလ ၅ ရက်နေ့မှ ၁၆ ရက်နေ့ အထိသောင်းကျန်းသူစစ်ဆေးရေးအားဆောင်ရွက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၈ ကြိမ်၊မိုင်းဖြစ်စဉ် ၅ ကြိမ် ဖြစ်ပွားခဲ့ရာ AA သောင်းကျန်းသူအဖွဲ့မှ ၁၃ လောင်းရရှိခဲ့ပြီး တပ်မတော်ဘက်မှ အရာရှိ စစ်သည် အချို့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Reply