ဗုဒၶဘာသာဝင္​က​ေနဒါႏိုင္​ငံသား ​ပိုကာကစားရာတြင္​ ​ေဒၚလာ(၆)သိန္​း​ေက်ာ္​ႏိုင္​ၿပီး ​ေငြအားလံုးကို ပရဟိတအဖြဲ႔မ်ားထံ လွဴဒါန္​း

0
85

ဇန္​နဝါရီ ၁၉
ႏိုင္​ငံတကာသတင္​း

က​ေနဒါ​ပိုကာကစားသမား စ​ေကာ့ ဝယ္​လန္​ဘာ့ခ်္​က ဘာဟားမားမွာက်င္​းပတဲ့ ​ပိုကာၿပိဳင္​ပြဲမွာ တတိယရခဲ့ၿပီး အႏိုင္​ရ​ေငြအ​ေမရိကန္​​ေဒၚလာ(၆၇၁၂၄၀)ရခဲ့ပါတယ္​။

သူ႔ရဲ႕ထံုးစံအတိုင္​းပဲ အဲဒီ​ေငြ​ေတြကို ပရဟိတအဖြဲ႔​ေတြကို လွဴဒါန္​းလိုက္​ပါတယ္​။

ဒါ့​ေၾကာင္​့ပဲ သူ႔ကို လူသား​ေတြရဲ႕သူရဲ​ေကာင္​းဆိုတဲ့ နာမည္​​ေျပာင္​ရထားတာပါ။

​ဗုဒၶဘာသာက်င္​့သံုးတဲ့လူတစ္​​ေယာက္​အ​ေနနဲ႔ တရားထိုင္​​ေလ့႐ွိတယ္​။ ဒါက လြတ္​လပ္​တယ္​ လို႔ ဝယ္​လန္​ဘာ့ခ်္​က ​ေျပာပါတယ္​။

ပိုကာဝင္​မကစားတဲ့အခ်ိန္​မွာ ဝယ္​လန္​ဘာ့ခ်္​က အက်ိဳးအျမတ္​မယူတဲ့ဘာသာ​ေရးအဖြဲ႔တစ္​ခုအတြက္​ တိ​ဗက္​နဲ႔ သံသက႐ိုက္​​ဗုဒၶစာ​ေပ​ေတြကို ဘာသာျပန္​တဲ့သူျဖစ္​ပါတယ္​။

ဘဝမွာ မ​ေရာင္​့ရဲႏိုင္​တာ​ေတြကို ​ေျဖ႐ွင္​းႏိုင္​ဖို႔ နည္​းလမ္​း႐ွာ​ေနတဲ့လူငယ္​တစ္​ဦးဘဝမွာ ​ဗုဒၶဘာသာဝင္​ျဖစ္​လာတာလို႔ ဝယ္​လန္​ဘာ့ခ်္​က​ေျပာပါတယ္​။

အသက္​(၆၇)ႏွစ္​႐ွိ​ေနတဲ့သူက တစ္​​ေန႔ တစ္​နာရီ​ေလာက္​တရားထိုင္​ၿပီး ပိုကာဝင္​ကစားတဲ့​ေန႔​ေတြမွာ​ေတာ့ တစ္​နာရီ​ေက်ာ္​​ေအာင္​ မထိုင္​ျဖစ္​ဘူးလို႔ ​ေျပာပါတယ္​။

က​ေလးဘဝကတည္​းက ပိုကာကစားတတ္​ခဲ့​ေပမဲ့ (၂၀၁၀)ျပည္​့ႏွစ္​မွာ ​ေလာ့စ္​အိန္​ဂ်ယ္​လိစ္​ကို အခမဲ့ခရီးစဥ္​​ေၾကာင္​့ ​ေရာက္​ခ်ိန္​​ေနာက္​ပိုင္​းမွ ပိုကာကို ​ေသ​ေသခ်ာခ်ာကစားျဖစ္​တာပါ။

ဇန္​နဝါရီ(၁၆)ရက္​မတိုင္​ခင္​အထိ သူအမ်ားဆံုးႏိုင္​ဖူးတာက အ​ေမရိကန္​​ေဒၚလာ(၇၂၁၇၆)ပဲ႐ွိပါ​ေသးတယ္​။

႐ုပ္​ရဲ႕မျမဲျခင္​းသ​ေဘာက​ေန ၿငိမ္​းခ်မ္​းမႈကိုအသား​ေပးတဲ့​ဗုဒၶဘာသာနဲ႔ ဖဲကစားတဲ့အခ်ိန္​ စိတ္​မတည္​ၿငိမ္​တာကို ဘယ္​လိုညႇိယူသလဲလို႔​ေမးတဲ့အခ်ိန္​မွာ​ေတာ့ ခက္​ခက္​ခဲခဲနဲ႔​ေပါ့​ဗ်ာလို႔ ျပန္​​ေျဖပါတယ္​။

ပိုကာကစားရာကရတဲ့​ေငြ​ေတြကို နယ္​စည္​းမျခားဆရာဝန္​မ်ားအဖြဲ႔နဲ႔ ​ေအာက္​က္​စ္​ဖမ္​တို႔လို႔ ပရဟိတအဖြဲ႔​ေတြကို ဝယ္​လန္​ဘာ့ခ်္​ကလွဴ​ေလ့႐ွိပါတယ္​။

Source-BBC

#ဥကၠာ
#TheFifthWaveNews

ဇန်နဝါရီ ၁၉
နိုင်ငံတကာသတင်း

ကနေဒါပိုကာကစားသမား စကော့ ဝယ်လန်ဘာ့ချ်က ဘာဟားမားမှာကျင်းပတဲ့ ပိုကာပြိုင်ပွဲမှာ တတိယရခဲ့ပြီး အနိုင်ရငွေအမေရိကန်ဒေါ်လာ(၆၇၁၂၄၀)ရခဲ့ပါတယ်။

သူ့ရဲ့ထုံးစံအတိုင်းပဲ အဲဒီငွေတွေကို ပရဟိတအဖွဲ့တွေကို လှူဒါန်းလိုက်ပါတယ်။

ဒါ့ကြောင့်ပဲ သူ့ကို လူသားတွေရဲ့သူရဲကောင်းဆိုတဲ့ နာမည်ပြောင်ရထားတာပါ။

ဗုဒ္ဓဘာသာကျင့်သုံးတဲ့လူတစ်ယောက်အနေနဲ့ တရားထိုင်လေ့ရှိတယ်။ ဒါက လွတ်လပ်တယ် လို့ ဝယ်လန်ဘာ့ချ်က ပြောပါတယ်။

ပိုကာဝင်မကစားတဲ့အချိန်မှာ ဝယ်လန်ဘာ့ချ်က အကျိုးအမြတ်မယူတဲ့ဘာသာရေးအဖွဲ့တစ်ခုအတွက် တိဗက်နဲ့ သံသကရိုက်ဗုဒ္ဓစာပေတွေကို ဘာသာပြန်တဲ့သူဖြစ်ပါတယ်။

ဘဝမှာ မရောင့်ရဲနိုင်တာတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းရှာနေတဲ့လူငယ်တစ်ဦးဘဝမှာ ဗုဒ္ဓဘာသာဝင်ဖြစ်လာတာလို့ ဝယ်လန်ဘာ့ချ်ကပြောပါတယ်။

အသက်(၆၇)နှစ်ရှိနေတဲ့သူက တစ်နေ့ တစ်နာရီလောက်တရားထိုင်ပြီး ပိုကာဝင်ကစားတဲ့နေ့တွေမှာတော့ တစ်နာရီကျော်အောင် မထိုင်ဖြစ်ဘူးလို့ ပြောပါတယ်။

ကလေးဘဝကတည်းက ပိုကာကစားတတ်ခဲ့ပေမဲ့ (၂၀၁၀)ပြည့်နှစ်မှာ လော့စ်အိန်ဂျယ်လိစ်ကို အခမဲ့ခရီးစဉ်ကြောင့် ရောက်ချိန်နောက်ပိုင်းမှ ပိုကာကို သေသေချာချာကစားဖြစ်တာပါ။

ဇန်နဝါရီ(၁၆)ရက်မတိုင်ခင်အထိ သူအများဆုံးနိုင်ဖူးတာက အမေရိကန်ဒေါ်လာ(၇၂၁၇၆)ပဲရှိပါသေးတယ်။

ရုပ်ရဲ့မမြဲခြင်းသဘောကနေ ငြိမ်းချမ်းမှုကိုအသားပေးတဲ့ဗုဒ္ဓဘာသာနဲ့ ဖဲကစားတဲ့အချိန် စိတ်မတည်ငြိမ်တာကို ဘယ်လိုညှိယူသလဲလို့မေးတဲ့အချိန်မှာတော့ ခက်ခက်ခဲခဲနဲ့ပေါ့ဗျာလို့ ပြန်ဖြေပါတယ်။

ပိုကာကစားရာကရတဲ့ငွေတွေကို နယ်စည်းမခြားဆရာဝန်များအဖွဲ့နဲ့ အောက်က်စ်ဖမ်တို့လို့ ပရဟိတအဖွဲ့တွေကို ဝယ်လန်ဘာ့ချ်ကလှူလေ့ရှိပါတယ်။

Source-BBC

#ဥက္ကာ
#TheFifthWaveNews

Leave a Reply