တိုက္ပြဲမ်ားေၾကာင့္ ရခိုင္တြင္ ေက်ာင္းသား/သူ ၂၄၀၀ ေက်ာ္ စစ္ေဘးေရွာင္ေနရ၊ ေက်ာင္း ၄၀ ခန္႔ပိတ္ထား

0
133

ဇန္န၀ါရီ ၁၉
ညိဳမိႈင္း

ရခုိင္ျပည္နယ္ေျမာက္ပိုင္းေဒသျဖစ္သည့္ ေက်ာက္ေတာ္၊ ပုဏၰားကၽြန္း၊ ရေသ့ေတာင္၊ ဘူးသီးေတာင္ၿမိဳ႕နယ္မ်ားမွ ေက်ာင္းသူေက်ာင္းသား ၂၄၀၀ ေက်ာ္ စစ္ေဘးေရွာင္ေနၾကရၿပီး ေက်ာင္းေပါင္း ၃၈ ေက်ာင္းကို ယာယီပိတ္ထားလိုက္ ရေၾကာင္း ရခုိင္ျပည္နယ္ ပညာေရးမွဴးရံုးက ေျပာသည္။

အဆိုပါပိတ္ထားရသည့္ေက်ာင္းမ်ားမွာ တိုက္ပြဲမ်ားျဖစ္ပြားရာေဒသမ်ားရွိ ေနရပ္စြန္႔ခြာထြက္ေျပးေနရသည့္ ေက်းရြာမ်ားမွ ေက်ာင္းမ်ားျဖစ္ၿပီး ယင္းေက်ာင္းမ်ားတြင္ပညာသင္ၾကားေနၾကသည့္ ေက်ာင္းသူေက်ာင္းသားမ်ားအား လက္ရွိစစ္ေဘး ေရွာင္စခန္းမ်ားတြင္ ပညာသင္ၾကားေပးလ်က္ရွိသည္။

“ပိတ္ထားတဲ့ေက်ာင္းေပါင္းက ၿမိဳ႕နယ္ေလးခုအတြင္းမွာ ၃၈ ေက်ာင္းရွိေနပါတယ္။ ေက်ာင္းသူေက်ာင္းသားဦးေရက ၂၄၀၃ ဦးျဖစ္ပါတယ္။ သူတုိ႔ေတြကို လက္ရွိေနထိုင္ၾကတဲ့ စခန္းေတြမွာပညာသင္ၾကားႏုိင္ေရးအတြက္ စီစဥ္ေပးထား ပါတယ္။ စာအုပ္စာတန္းနဲ႔ ေက်ာင္း၀တ္စံုေတြအျပင္ လုိအပ္တာေတြကို ပံ့ပိုးေပးထားပါတယ္”ဟု ရခုိင္ျပည္နယ္ ပညာေရးဌာန လက္ေထာက္ပညာေရးမွဴး ဦးစိန္ထြန္းလွက ေျပာသည္။

ပိတ္ထားရသည့္ေက်ာင္းမ်ားမွာ ဘူးသီးေတာင္ၿမိဳ႕နယ္တြင္ ၂၃ ေက်ာင္း၊ ရေသ့ေတာင္ၿမိဳ႕နယ္တြင္ ၁ ေက်ာင္း၊ ပုဏၰားကၽြန္းၿမိဳ႕နယ္တြင္ ၂ ေက်ာင္း၊ ေက်ာက္ေတာ္ၿမိဳ႕နယ္တြင္ ၁၂ ေက်ာင္းျဖစ္ၿပီး ၿပီးခဲ့သည့္ ႏုိ၀င္ဘာလအတြင္းက စတင္ပိတ္ထားခဲ့ရျခင္းျဖစ္သည္။

“လက္ရွိမွာေတာ့ သူတုိ႔ကို စခန္းနဲ႔နီးစပ္ရာဘုန္းေတာ္ႀကီး ေက်ာင္းေတြမွာ၊ ေနာက္ၿပီးေတာ့ စခန္းဖြင့္ထားတဲ့ေက်းရြာက စာသင္ေက်ာင္းေတြမွာ သီးသန္႔အခန္းေတြနဲ႔ လုပ္ေပးထားပါတယ္။ ဆရာေတြကေတာ့ တခ်ိဳ႕ေက်းရြာေတြဆိုရင္ ေက်ာင္းသာေရာ ဆရာေရာအတူထြက္ေျပးလာတာျဖစ္တဲ့အတြက္ အဲဒီမွာပဲ သင္ခိုင္းထားတာေပါ့။”ဟု ဦးစိန္ထြန္းလွက ေျပာသည္။

ယခုပိတ္ထားရသည့္ေက်ာင္းမ်ားမွာ မူလတန္းအဆင့္ႏွင့္ အလယ္တန္းအဆင့္ေက်ာင္းမ်ားျဖစ္ၿပီး ယင္းေက်ာင္းသားမ်ားအား လာမည့္ေဖေဖာ္၀ါရီလတြင္ စာေမးပြဲစစ္ေဆးေတာ့မည္ျဖစ္ရာ လက္ရွိေနထုိင္လ်က္ရွိသည့္ ေက်းရြာမ်ားတြင္ ေျဖဆိုခြင့္ေပးသြားမည္ျဖစ္သည္။

#thefifthwavenews #ေက်ာင္းမ်ားပိတ္ထား #ရခိုင္တိုက္ပြဲ #ပဥၥမလိႈင္း

ဇန်နဝါရီ ၁၉
ညိုမှိုင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဖြစ်သည့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များမှ ကျောင်းသူကျောင်းသား ၂၄၀၀ ကျော် စစ်ဘေးရှောင်နေကြရပြီး ကျောင်းပေါင်း ၃၈ ကျောင်းကို ယာယီပိတ်ထားလိုက် ရကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက ပြောသည်။

အဆိုပါပိတ်ထားရသည့်ကျောင်းများမှာ တိုက်ပွဲများဖြစ်ပွားရာဒေသများရှိ နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ကျေးရွာများမှ ကျောင်းများဖြစ်ပြီး ယင်းကျောင်းများတွင်ပညာသင်ကြားနေကြသည့် ကျောင်းသူကျောင်းသားများအား လက်ရှိစစ်ဘေး ရှောင်စခန်းများတွင် ပညာသင်ကြားပေးလျက်ရှိသည်။

“ပိတ်ထားတဲ့ကျောင်းပေါင်းက မြို့နယ်လေးခုအတွင်းမှာ ၃၈ ကျောင်းရှိနေပါတယ်။ ကျောင်းသူကျောင်းသားဦးရေက ၂၄၀၃ ဦးဖြစ်ပါတယ်။ သူတို့တွေကို လက်ရှိနေထိုင်ကြတဲ့ စခန်းတွေမှာပညာသင်ကြားနိုင်ရေးအတွက် စီစဉ်ပေးထား ပါတယ်။ စာအုပ်စာတန်းနဲ့ ကျောင်းဝတ်စုံတွေအပြင် လိုအပ်တာတွေကို ပံ့ပိုးပေးထားပါတယ်”ဟု ရခိုင်ပြည်နယ် ပညာရေးဌာန လက်ထောက်ပညာရေးမှူး ဦးစိန်ထွန်းလှက ပြောသည်။

ပိတ်ထားရသည့်ကျောင်းများမှာ ဘူးသီးတောင်မြို့နယ်တွင် ၂၃ ကျောင်း၊ ရသေ့တောင်မြို့နယ်တွင် ၁ ကျောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၂ ကျောင်း၊ ကျောက်တော်မြို့နယ်တွင် ၁၂ ကျောင်းဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက စတင်ပိတ်ထားခဲ့ရခြင်းဖြစ်သည်။

“လက်ရှိမှာတော့ သူတို့ကို စခန်းနဲ့နီးစပ်ရာဘုန်းတော်ကြီး ကျောင်းတွေမှာ၊ နောက်ပြီးတော့ စခန်းဖွင့်ထားတဲ့ကျေးရွာက စာသင်ကျောင်းတွေမှာ သီးသန့်အခန်းတွေနဲ့ လုပ်ပေးထားပါတယ်။ ဆရာတွေကတော့ တချို့ကျေးရွာတွေဆိုရင် ကျောင်းသာရော ဆရာရောအတူထွက်ပြေးလာတာဖြစ်တဲ့အတွက် အဲဒီမှာပဲ သင်ခိုင်းထားတာပေါ့။”ဟု ဦးစိန်ထွန်းလှက ပြောသည်။

ယခုပိတ်ထားရသည့်ကျောင်းများမှာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်ကျောင်းများဖြစ်ပြီး ယင်းကျောင်းသားများအား လာမည့်ဖေဖော်ဝါရီလတွင် စာမေးပွဲစစ်ဆေးတော့မည်ဖြစ်ရာ လက်ရှိနေထိုင်လျက်ရှိသည့် ကျေးရွာများတွင် ဖြေဆိုခွင့်ပေးသွားမည်ဖြစ်သည်။

#thefifthwavenews #ကျောင်းများပိတ်ထား #ရခိုင်တိုက်ပွဲ #ပဉ္စမလှိုင်း

Leave a Reply