အောင်ရဲထွေး သေဆုံးမှုသည် တမင်ကြံစည်မှု ဖြစ်နိုင်ကြောင်း သေဆုံးသူ၏ အစ်ကိုမှ ပြောကြား

0
236

ရန်ကုန် ၊ ဇန်န၀ါရီ ၉ ၊ ၂၀၁၈

အောင်ရဲထွေးသေဆုံးမှုသည် လူမှာရိုက်ခံရ၍သေဆုံးခြင်းမဟုတ်ဘဲ တမင်ကြံစည်ကာ ၀ိုင်းဝန်းရိုက်နှက်သည်ဟု ထင်မြင်မိကြောင်း ၄င်း၏ အကိုဖြစ်သူ ကိုသန့်ဇင်ဦးကပြောသည်။

ဇန်န၀ါရီလ ၉ ရက်နေ့တွင် ရဲထွေးအောင်၏ ရက်လည်ဆွမ်းသွတ် တွင် ကိုသန့်ဇင်ဦးက ယခုကဲ့သိုကပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်ကတော့လူမှားတယ်ဆိုတာကို မယုံကြည်နိုင်ဘူး။ သူက ဖေ့ဘွတ်မှာလည်းလူသိများ တဲ့သူတစ်ယောက်။ တမင်ကြံစည်တယ် လို့ပဲကျွန်တော်ထင်တယ် ” ဟု ကိုသန့်ဇင်ဦးကပြောသည်။

လက်ရှိတွင် ဟာသသရုပ်ဆောင် အောင်ရဲထွေး (ခ) ရဲထွေးအောင် သေဆုံးမှုနှင့် ပတ်သတ်ပြီး တရားခံ ၃ ဦးမိထားပြီဖြစ်ကာ လူမှုကွန်ရက် စာမျက်နှာအချို့တွင် တရားခံလေးဦးဖြစ်ကြောင်း ကောလဟာလ များထွက်ပေါ်လျှက်ရှိသည်။

“လုပ်ဆောင်နေတဲ့ဌာနဆိုင်ရာတွေကို ယုံကြည်မှုရှိတယ်။ တကယ် လုပ်ဆောင် နေတယ်ဆိုပြီးယုံကြည် ထားတယ် ကျွန်တော် အမှန်တရားတိုင်းလည်းဖြစ်စေချင်တယ်။ဒါတွေကိုလည်း ဒီအတိုင်း ပေါ့ပေါ့လျော့လျော့နဲ့အဆုံးမသတ်စေချင်ဘူး။ တရားခံသုံး ယောက် ဖမ်းမိထားတယ်လို့စခန်းမှူးကြီးကပြောတယ်။ လေးယောက် လို့လည်းကြားတယ်။ဒီအချိန် မှာ အမှုတည်ဆောက်နေတယ်။ ဘာတွေဆက်လုပ်မလဲဆိုတာကျွန်တော်တို့ကပြန်ပြီးစောင့်ကြည့်ရမယ့် အနေအထားမျိုးပေါ့” ဟုကိုသန့်စင်ဦးကဆက်ပြောသည်။

ရဲထွေးအောင်၏ ရက်လည် ဆွမ်းသွတ်ပွဲသို့ ၄င်း၏သူငယ်ချင်းများအပြင် အဆိုတော် ယုန်လေးနှင့် ဦးနေ၀င်း၏ မြေးဖြစ်သော ကိုအေးနေ၀င်းပါ လာရောက်ခဲ့သည်။

“နှစ်ဘက်လုံးက ကံဆိုးလို့ဒီလိုဖြစ်တာပါ။ တကယ်လို့သာ ကျိုးရုံ ပဲ့ရုံလောက်ဆို အဲလောက်ဖြစ်မှာမဟုတ်ဘူးလေ။ အခုက တစ်ဖက်ကလည်း ပြစ်ဒဏ်ကျခံရတယ် ။ တစ်ဖက်မှာလည်း ညီလေး ရဲထွေးအောင်ဆို သေဆုံးတဲ့အထိဖြစ်ခဲ့ရတယ်။ ကြေကွဲဖို့ အရမ်းကောင်း ပါတယ်” ဟု ရဲထွေးအောင် ရက်လည်သို့ လာရောက်ခဲ့သူ ကိုယုန်လေးကပြောသည်။

ရဲထွေးအောင်သေဆုံးမှုနှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ကောလဟာအမျိုးမျိုးထွက် ပေါ်လျှက်ရှိနေသည်။

“တစ်ချို့တွေကသူတို့အထင်အမြင်အတိုင်းပြောနေကြတယ်။အဲ့ဒါတွေကမဟုတ်ဘူးပေါ့။ဒါတွေက မလုပ်လဲမလုပ်သင့်ဘူးပေါ့။ ကျွန်တော် တို့လည်း ပိုပြီးတော့စိတ်မကောင်းဖြစ်မိတယ်။ ရည်ရွယ်ချက် မကောင်းဘူးပေါ့။ပြောတဲ့သူတွက နောက်ပြီးတော့ ကိုယ်ချင်းစာတရား မရှိဘူးပေါ့။ ဒီလိုအချိန်မျိုးမှာ ဒီလိုမျိုးအရာတွေ မလုပ်သင့်ဘူး လို့ထင် တယ်။ မလုပ်ကြပါနဲ့လို့လည်းပြော ချင်ပါတယ်” ဟု ကို သန့်ဇင်ဦးကပြော သည်။

ဟာသသရုပ်ဆောင် အောင်ရဲထွေးကို ဇန်န၀ါရီလ ၁ ရက်နေ့ နံနက်တွင် သင်္ဃန်းကျွန်းမြို့နယ် ပေါ်ဆန်းမွှေး လမ်းရှိ The One Entertainment ၀င်းအတွင်းပြုလုပ်သည့် ပါတီပွဲတွင် လူတစ်စုက အုပ်စုဖွဲ့ဝိုင်းဝန်း ထိုးကြိတ် ကန်ကျောက်မှုများကြောင့် အောင်ရဲထွေး၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ဖြင့် ရန်ကုန်ဆေးရုံကြီးတွင်သေဆုံးခဲ့ခြင်းဖြစ်သည်။

တရားခံများဖြစ်သည့်သန်းထွဋ်အောင်(ခ)သားကြီး ၊ ပြည့်ဖြိုးအောင်(ခ) အောင်လေး (၂၆) နှစ်နှင့် နေကျော်ဇော်ဟန်(ခ) ကျော်ဇော်တို့ကို သုဝဏ္ဏနယ်မြေရဲစခန်းမှ (ပ) ၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ် ၃၂၅/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားပြီး ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် ရုံးထုတ်မည်ဖြစ်ကြောင်း သိရသည်။

ဖြိုးဖြိုး

Leave a Reply