ကင်​ဂျုံအွန်​နဲ့​ဒေါ်နယ်​ထရမ့်​ ​ဖေ​ဖော်​ဝါရီလကုန်​ပိုင်းတွင်​ ဒုတိယအကြိမ်​​တွေ့ဆုံမည်

0
107

ဇန်​နဝါရီ ၁၉
နိုင်​ငံတကာသတင်း

အ​မေရိကန်​သမ္မ​တ​ဒေါ်နယ် ထရမ့်​နဲ့ ​မြောက်​ကိုရီးယားအလုပ်​သမားပါတီဥက္ကဋ္ဌ ကင်​ဂျုံအွန်​တို့ဟာ လာမယ့်​​ဖေ​ဖော်​ဝါရီလကုန်​ပိုင်းမှာ ဒုတိယအကြိမ်​​ထိပ်​သီးအစည်းအ​ဝေးကျင်းပသွားမယ်​လို့ အိမ်​ဖြူ​တော်​က ဇန်​နဝါရီ(၁၈)မှာ သတင်းထုတ်​ပြန်​ပါတယ်​။

မြောက်​ကိုရီးယားထိပ်​တန်းညှိနှိုင်း​ရေးမှူးကင်​​ယောင်​​ချောနဲ့ ထရမ့်​တို့ ​တွေ့ဆုံအပြီးမှာ ထုတ်​ပြန်​ခဲ့တာပါ။

ကင်​​ယောင်​​ချောက ကင်​ဂျုံအန်​ဆီက စာတစ်​​စောင်​ ထရမ့်​ကို​ပေးခဲ့တယ်​လို့လည်း ခန့်​မှန်း​ခဲ့ကြပါတယ်​။

ပြီးခဲ့တဲ့ဇွန်​လက ထရမ့်​နဲ့ကင်​တို့ ပထမဆုံးအ​နေနဲ့ စင်​ကာပူမှာ​တွေ့ဆုံခဲ့ပြီးကတည်းက ​မြောက်​ကိုရီးယားရဲ့နျူကလီးယားဖျက်​သိမ်း​ရေးမှာ တိုးတက်​မှုနည်းနည်းပဲရှိ​နေပါတယ်​။

အခုကျင်းပမယ့်​အစည်းအ​ဝေးအတွက်​ ဘယ်​မှာကျင်းပမယ်​၊ ဘယ်​လိုကျင်းပမယ်​ဆိုတာ အိမ်​ဖြူ​တော်​က အတိအကျမထုတ်​ပြန်​​သေး​ပေမဲ့ ​ဗီယက်​နမ်​နိုင်​ငံမှာ ကျင်းပဖွယ်​ရှိ​နေတယ်​လို့ ခန့်​မှန်း​နေကြပါတယ်​။

အဲဒီအစည်းအ​ဝေးအတွက်​ ​မျှော်​လင့်​​နေတယ်​လို့ ထရမ့်​က​ပြော​နေပါတယ်​။

အိမ်​ဖြူ​တော်​က ထရမ့်​နဲ့ကင်​​ယောင်​​ချောတို့ရဲ့ ​တွေ့ဆုံမှုအပြီးပြုလုပ်​တဲ့သတင်းစာရှင်းလင်းပွဲမှာ နျူကလီးယားဖျက်​သိမ်း​ရေး​ဆွေး​နွေးမှု​တွေမှာ တိုးတက်​မှု​တွေဆက်​ရှိ​နေ​ပေမဲ့ အ​မေရိကန်​ဟာ ​မြောက်​ကိုရီးယားကို ပိတ်​ဆို့မှု​တွေ၊ ဖိအား​တွေထပ်​​ပေးဦးမယ်​လို့ အ​မေရိကန်​ပြန်​ကြား​ရေးဝန်​ကြီး ဆာရာ ဆန်းဒါးစ်​က ​ပြောပါတယ်​။

Source-BBC

#ဥက္ကာ
#TheFifthWaveNews

Leave a Reply