ဒီပဲယင်းအရေးအခင်း အောက်မေ့ဖွယ် စေတီတည်ရန် ပန္နက်တင်အခမ်းအနား ကျင်းပ

0
91

ဇန်နဝါရီ ၁၉
နိုင်လင်းဦး

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ကြည်ရွာ အနီး မုံရွာ – ရေဦးသွားကားလမ်းဘေးတွင် ဒီပဲယင်းအရေးအခင်း အောင့်မေ့ဖွယ်အထိမ်းအမှတ်စေတီတည်ရန် ဇန်နဝါရီလ ၁၉ ရက်နေ့က ပန္နက်တင်အခမ်းအနား ကျင်းပခဲ့သည် ။

ပန္နက်တင်အခမ်းအနားတွင် ဆရာတော်ကြီးများ ၁၉ ပါးအား ပင့်ဖိတ်၍ စေတီတည်ထားမည့် ၄ ဧကအကျယ် ဝတ္တကမြေပေါ်တွင် မြေနှုတ်ခြင်း မြေသန့်ခြင်း ကမ္မဝါစာရွတ်ဖတ်ခြင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြသည် ။

“အဲ့ဒီနေ့ကဖြစ်တဲ့ ဖြစ်ရပ်က ကြမ်းတမ်းခြင်း သရုပ်ကိုပြတယ် ။ ကျွန်တော်တို့ ဘက်ကျတော့ ခွင့်လွှတ်ခြင်း အမျိုးသားပြန်လည်သင့်မြတ်ခြင်းကို ပြချင်တယ် ။ ခုလိုစေတီတည်တာကလည်း ဘယ်လိုမှ သဘောထားလို့မဟုတ်ဘူး ။ မှတ်တိုင်အနေနဲ့ နောင်ဒီလို အကြမ်းဖက်တဲ့ အနေအထားမဖြစ်ဖို့ပဲဖြစ်တယ် ။ ဒါ့ကြောင့်လည်း ခုလိုလုပ်ဖြစ်တာပါ” ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင် က ပြောသည် ။

တည်ထားကိုးကွယ်မည့်စေတီမှာ ဥာဏ်တော်အမြင့် ပေ ၁၂၀ ရှိမည်ဖြစ်ပြီး အာနန္ဒာဘုရား ပုံစံတူဖြစ်၍ သက်တော်ရှည်ဘုရားအဖြစ် အမည်ပေးမည်ဖြစ်ကြောင်း သိရသည် ။

စေတီတည်ထားသည့်နေရာသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်ယာဉ်တန်းအား စစ်အစိုးရက လုပ်ကြံခဲ့သည့်နေရာဖြစ်သည် ။

Leave a Reply