ခရုလေးများနှင့်ကခုန်ခြင်း ခရုပန်းချီပြပွဲ ကျင်းပ

0
197

မန္တလေး ၊ ဇန်န၀ါရီ ၉ ၊ ၂၀၁၈

မန္တလေးမြို့၊ မန္တလေးတောင်ခြေရှိ Mandalay Hill Art Gallery တွင် ခရုပန်းချီဦးလုံး၏ ခရုလေးများနှင့်ကခုန်ခြင်း ခရုပန်းချီပြပွဲကို ဇန်နဝါရီလ ၉ရက်နေ့ နံနက်ပိုင်းက စတင် ကျင်းပ ပြုလုပ်ခဲ့သည်။

ယင်းခရုပန်းချီပြပွဲကို ဇန်နဝါရီလ ၉ရက်နေ့ မှ ၁၁ ရက်နေ့အထိ၊ မနက်၉နာရီမှ ညနေ၅နာရီ အထိ ၃ရက်ကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ပန်းချီပြပွဲတွင် ခရုပန်းချီကားပေါင်း (၆၀) ကျော်ပြသထားသည်။

“ရခိုင်ကို ရောက်တော့ သူတို့ကြက်စာအဖြစ် သုံးတဲ့ ခရုလေးတွေကို စာရွက်ပေါ်မှာ အရင် ဖန်တီးကြည့်ခဲ့တယ်။ ကျွန်တော်ပန်းချီလောကသား မဟုတ်ပေမယ့် ငယ်ငယ်က သင်ခဲ့တဲ့အခြေခံပန်းချီနည်းလေးတွေနဲ့ ကြိုးစား ဖန်တီးဖြစ်ခဲ့တယ် ။ ဒီလိုနဲ့ ခရုပန်းချီဆွဲဖြစ်သွားတယ်” ဟု ခရုပန်းချီဦးလုံး က ပြာသည် ။

ခရုပန်းချီကို လူအများစိတ်ဝင်စားသည့် လက်မှုပညာတစ်ခုဖြစ်စေလိုပြီး ခရုပန်းချီဆွဲချင်သူများကိုလည်း အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း ဦးချစ်လုံး က ဆက်လက်ပြောသည်။

ယင်းပြပွဲကို ခရုပန်းချီ ဦးလုံးအပြင် ၄င်း၏တပည့်များ ဖြစ်သည့် သီဟ၊ ဘိုဘို၊ စိုင်းမြတ်နိုင်(အောင်ပန်း) တို့ကပါဝင်ပြသထားပြီး ခရုခွံများဖြင့် ကတ္တီပါစပေါ်တွင် ပန်းချီအနုပညာကို ပုံဖော်ထားခြင်းဖြစ်သည် ။ ခရုပန်းချီ တစ်ကားလျှင် ကျပ် ၂သောင်းခွဲမှ ၄သိန်းအတွင်း ရှိပြီး အသေးဆုံးဆိုဒ် ၈ လက်မ × ၄ လက်မ မှ ၄ ပေ ၃ ပေ ဆိုဒ်အထိပါဝင်ပြသထားသည်။

နိုင်လင်းဦး

Leave a Reply