ရွှေ့ပြောင်းအခြေချသူတွေပါလာပြီး မြေထဲပင်လယ်ထဲဖြတ်သန်းသွားတဲ့ သင်္ဘော(၂)စီးမှောက်တာကြောင့် လူ(၁၇၀)လောက်သေဆုံး

0
109

ဇန်န၀ါရီ ၂၀
နိုင်ငံတကာသတင်း

မြေထဲပင်လယ်ထဲမှာ ဖြတ်သန်းသွားပြီး ရွှေ့ပြောင်းအခြေချသူတွေပါတဲ့သင်္ဘော(၂)စီးပျက်ခဲ့တာကြောင့် လူ(၁၇၀)လောက်သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂဒုက္ခများဆိုင်ရာမဟာမင်းကြီးရုံး(U.N.H.C.R)က ထုတ်ပြန်ပါတယ်။

လစ်ဗျားကမ်းခြေမှာ လူ(၁၁၇)ဦးပါတဲ့သင်္ဘောတစ်စီးနစ်မြုပ်ခဲ့တယ်လို့ အီတလီရေတပ်က အစီရင်ခံပြီး မြေထဲပင်လယ်အနောက်ပိုင်းမှာ ပျောက်ဆုံးနေတဲ့ သင်္ဘောတစ်စီးကိုရှာဖွေဖို့ ကြိုးပမ်းနေတယ်လို့ မော်ရိုကိုနဲ့စပိန်အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူအရေအတွက်ကိုတော့ (U.N.H.C.R)က အမှီအခိုကင်းကင်းနဲ့ အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့(၂၀၁၈)ခုနှစ်အတွင်း မြေထဲကပင်လယ်ကိုဖြတ်သန်းခဲ့ကြသူတွေထဲက လူ(၂၂၀၀)လောက်သေဆုံးခဲ့ပါတယ်။

ဥရောပအ၀င်တံခါးမှာ လူအများကြီးသေနေတာကို ကျွန်တော်တို့မျက်ကွယ်မပြုနိုင်ဘူးလို့ (U.N.H.C.R)မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီက ပြောတယ်လို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

ပင်လယ်ပြင်မှာ အတိဒုက္ခရောက်နေတဲ့လူတွေကို ကယ်ဖို့ ဘယ်လိုအားထုတ်မှုမျိုးကိုမဆို မနှမြောသင့်သလို မတားဆီးသင့်ဘူးလို့လည်း ပြောပါတယ်။

(၂၀၁၉)ခုနှစ်၊ ပထမ(၁၆)ရက်အတွင်း မြေထဲပင်လယ်ကို ဖြတ်သန်းပြီး ဥရောပကိုထွက်ပြေးကြသူ(၄၂၁၆)ဦးရှိတယ်လို့ နိုင်ငံတကာရွှေ့ပြောင်းအခြေချသူများဆိုင်ရာအဖွဲ့အစည်း(I.O.M)ကပြောပါတယ်။

ဒါဟာ ပြီးခဲ့တဲ့နှစ်ကာလတူကထက် (၂)ဆကျော်ပိုများနေတာပါ။

အီတလီနိုင်ငံအပါအ၀င် ဥရောပနိုင်ငံတော်တော်များများက ပြီးခဲ့တဲ့နှစ်တွေအတွင်း ရွှေ့ပြောင်းအခြေချသူတွေကို လက်ခံဖို့ ဆန့်ကျင်နေပါတယ်။

ဥရောပဆိပ်ကမ်းတွေဖွင့်ထားပေးသရွေ့ ကံမကောင်းတာကတော့ မှောင်ခိုသမားတွေရဲ့လုပ်ငန်းတွေဆက်ဖြစ်နေပြီး သေဆုံးမှုတွေရှိနေဦးမယ်လို့ လှေတွေနစ်မြုပ်မှုအပြီးမှာ အီတလီက လူကြိုက်များတဲ့ ဒုတိယ၀န်ကြီးချုပ် မက်တီယို ဆယ်လ်ဗီနီက Facebookမှာရေးခဲ့ပါတယ်။

Source-BBC

#ဥက္ကာ
#TheFifthWaveNews

ပုံ- Makoni News (File)

Leave a Reply