အက်​ဒရီယန်​ ဘ​ရော်​နာကို ပက်​ကွီအို အမှတ်​နဲ့အနိုင်​ရ၊ W.B.Aခါးပတ်​ဆက်​ထိန်းထားနိုင်

0
120

ဇန်​နဝါရီ ၂၀
နိုင်​ငံတကာသတင်း

ဇန်နဝါရီ(၁၉)ရက်​က အ​မေရိကန်​ပြည်​​ထောင်​စု၊ လတ်​​ဗီးဂတ်​မြို့မှာကျင်းပခဲ့တဲ့ ကမ္ဘာ့​ဝေါ်လ်​တာဝိတ်​ချန်​ပီယံလုပွဲမှာ ချန်ပီယံ​မန်​နီ ပက်​ကွီအိုက စိန်​​ခေါ်သူ အက်​ဒရီယန်​ ဘ​ရော်​နာကို တညီတညွတ်​တည်းအမှတ်နဲ့အနိုင်​ယူခဲ့ပါတယ်​။

ဒီပွဲဟာ ဖိလစ်ပိုင်နိုင်ငံသား​​​ပက်​ကွီအိုအတွက်​ ပွဲ(၇၀)​မြောက်​ဖြစ်​ပြီး သူ့အသက်​(၄၀)ပြည့်​ပြီး​နောက်​ပိုင်း ပထမဆုံးထိုးသတ်​တဲ့ပွဲဖြစ်​ပါတယ်​။

ပက်​ကွီအိုက သူ့ထက်​(၁၁)နှစ်​ငယ်​ပြီး ဝိတ်​တန်း(၄)ခုချန်​ပီယံ​ဟောင်းဘ​ရော်​နာကို အသာစီးထိုးသတ်​ခဲ့ပြီး ကိုးချီ​မြောက်​မှာ ဘယ်​လက်​သီးချက်​​ကြောင့်​ ဘ​ရော်​နာ မူး​ဝေခဲ့ပါတယ်​။

ပက်​ကွီအိုရဲ့လက်​သီးချက်​က ဘ​ရော်​နာထက်​ နှစ်​ဆများခဲ့ပါတယ်​။

ဒိုင်​​​တွေက ​ပေးခဲ့တဲ့အမှတ်​​တွေက​ ၁၁၇-၁၁၁၊ ၁၁၆-၁၁၂၊ ၁၁၆-၁၁၂တို့ဖြစ်​ပါတယ်​။
ပွဲအပြီးမှာ​တော့ (၂၀၁၅)ခုနှစ်​က သူရှုံးနိမ့်​ခဲ့တဲ့ဖလွိုက်​ ​မေဝယ်​သာနဲ့ပြန်​ထိုးသတ်​ဖို့ သူ့ဘက်​က လမ်းခင်း​ပေးထားတယ်​လို့ ပက်​ကွီအိုက​ပြောပါတယ်​။

ဒါ​ပေမဲ့ ပွဲခင်းထဲမှာရှိ​နေပြီး အသက်​(၄၁)နှစ်​ရှိပြီဖြစ်​တဲ့ ​မေဝယ်​သာကို ပြန်​ထိုးသတ်​မလားလို့ ​မေးခဲ့ချိန်​မှာ​တော့ ဘာမှမတုံ့ပြန်​ခဲ့ပါဘူး။

ဝိတ်​တန်း(၅)ခုချန်​ပီယံ​ဟောင်း​မေဝယ်​သာက ပြီးခဲ့တဲ့ဒီဇင်​ဘာမှာ ဂျပန်​ကစ်​​ဘောင်​ဆင်​သမား တန်​ရှင်း နာဆူကာဝါကို သရုပ်​ပြပွဲတစ်​ပွဲမှာ အနိုင်​ရခဲ့​ပေမဲ့ သူက လက်​​ဝှေ့​လောကက အနားယူ​နေတုန်းပဲရှိ​သေးတယ်​လို့ ​ပြောပါတယ်​။

ဒီပွဲအနိုင်​ရမှုဟာ ပက်​ကွီအိုရဲ့​ကြေးစားလက်​​ဝှေ့သမားဘဝပွဲ(၇၀)မှာ (၆၁)ပွဲအနိုင်​ရခဲ့တာပါ။
ပက်​ကွီအိုရဲ့အခုပွဲဟာ အ​မေရိကန်​​မြေမှာ နှစ်​နှစ်​အတွင်းပထမဆုံးထိုးသတ်​မှုဖြစ်​ပါတယ်​။
နိုင်​ငံတကာ​ကြေးစားလက်​​ဝှေ့သမားပက်​ကွီအိုက ဖိလစ်​ပိုင်​မှာ​တော့ ဆီးနိတ်​လွှတ်​​တော်​အမတ်​ဖြစ်​ပါတယ်​။

Source-BBC

#ဥက္ကာ
#TheFifthWaveNews

ဓာတ်ပုံ – CBS Sport

Leave a Reply