အောင်​ရဲ​ထွေး​သေဆုံးမှု ​ပြန်ခေါ်သက်သေအားစစ်ဆေး

0
116

ဇန်​နဝါရီ ၂၂
သော်​လင်းထက်

သရုပ်​​ဆောင်​​အောင်​ရဲ​ထွေး​သေဆုံးခဲ့သည့်​အမှု နှင်ပတ်​သက်​သူ ၃ ဦးကို ရန်​ကုန်​အ​ရှေ့ပိုင်းခရိုင်​ တရားရုံးတွင်​ ယ​နေ့နံနက်​ပိုင်းက ရုံးထုတ်​ခဲ့သည်​။

ယ​နေ့ရုံးချိန်းတွင်​ ပြန်​​ခေါ်သက်​​သေတစ်​ဦးဖြစ်​သည့်​ ကိုသန့်​စင်​ကိုစစ်​ခဲ့ပြီး ရုံးချိန်းကို လာမည့်​ဇန်​နဝါရီ ၂၉ရက်​သို့ပြန်​လည်​ချိန်းဆိုခဲ့သည်​။

ကိုသန့်​စင်​အားစစ်​​ဆေးရာတွင်​ ၄င်း၏အဓိကထွက်​ဆိုချက်​နှင့်​ပတ်​သက်​၍ အခင်းဖြစ်​​နေ့ဠ်​ ထိန်းသိမ်းစဉ်​က ၃ဦးဖြစ်​​သော်​လည်း သားကြီးမှ ရန်​ဖြစ်​ရာတွင်​ ၄င်းနှင့်​ ​အောင်​​လေးသာဖြစ်ပြီး ကျန်​တစ်​ဦးမပါ​ကြောင်း​ပြောဆိုခဲ့၍ ယင်းကျန်​တစ်​ဦးမှာ ​ကျော်​​ဇောဟန်​(ခ)​ကျော်​​ဇောဖြစ်သည့်​အ​ကြောင်း ​ယ​နေ့ရုံးချိန်းတွင်​ထွက်​ဆိုခဲ့သည်​။

အောင်​ရဲ​​ထွေးသည်​ ၂၀၁၇ခုနှစ်​ နှစ်​သစ်​ကူးညက The One Entertainment Parkတွင်​ လူတစ်​စု၏ ဝိုင်းဝန်းထိုးကြိတ်​ကန်​​ကြောက်​ခဲ့​သော​ကြောင့်​ ​သေဆုံးခဲ့ခြင်းဖြစ်သည်​။

လက်​ရှိတွင်​ သန်းထွဋ်​​အောင်​(ခ)သားကြီးနှင့်​​အောင်​​လေးတို့နှစ်​ဦးအား ​၃၀၂(၂)နှင့်​တရားဆွဲဆိုခဲ့ပြီး ​ကျော်​​ဇော်​ဟန်​(ခ)​ကျော​ဇောအား ၃၀၂(၂)/၁၁၄နှင့်​ စွဲချက်​တင်​ထားသည်​။

Leave a Reply