မုံရွာမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ငွေကျပ်သိန်း ၃၅၀ ပျောက်ဆုံးမှုဖြစ်

0
215

ဇန်နဝါရီ ၂၂
နိုင်လင်းဦး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မုံရွာတောင်ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့လည် ၃ နာရီအချိန်ခန့်က ငွေကျပ်သိန်း ၃၅၀ ပျောက်ဆုံးမှုဖြစ်ခဲ့ကြောင်း မုံရွာမြို့မရဲစခန်း က သိရသည် ။

ဖြစ်စဉ်မှာ ဦးသန်းထိန် (၄၆) နှစ်သည် မြန်မာ့စီးပွားရေးဘဏ်တွင် ငွေသွင်းရန်အတွက် ကျပ်သိန်း ၃၅၀ ပါ အိတ် တစ်အိတ် ၊ ကျပ်သိန်း ၁၃၀ ပါ ကျပ်တစ်အိတ် တို့အား ထပ်၍ ခြေထောက်ရှေ့ တမံသလင်းပေါ်တွင် ချထား၍ ငွေသွင်းကောင်တာရှေ့တွင် ရပ်စောင့်ခဲ့သည် ။

ထို့နောက် ငွေသွင်းရန်အလှည့်ကျော်သွားသည်ထင်သည့်အတွက် ပိုက်ဆံအိပ်များအား ထား၍ ကောင်တာထံအလှည့်ရောက် မရောက် သွားရောက်မေးမြန်းပြီး ပြန်အလာကာ ပိုက်ဆံအိတ်များယူမည်ပြုစဉ် ကျပ်သိန်း ၃၅၀ အိတ် ပျောက်ဆုံးသွာခဲ့သည် ။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပိုက်ဆံအိတ်ထုပ်ခိုးယူသွားသူအား မုံရွာမြို့မရဲစခန်းတွင် (ပ)၇၂/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ ဖြင့်အမှုထားပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည် ။

Leave a Reply