အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာသောင်တင်နေတဲ့ ဘင်္ဂါလီတွေကို အိန္ဒိယရဲဖမ်းဆီး

0
231

ဇန်န၀ါရီ ၂၃
နိုင်ငံတကာသတင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲပြန်ဝင်ဖို့ငြင်းပယ်ခံထားရပြီး အိန္ဒိယနိုင်ငံက ဖြိုခွင်းမှုကနေထွက်ပြေးနေတဲ့လူထုအသိုက်အ၀န်းကလူတွေကို နယ်စပ်အာဏာပိုင်တွေက ဘာလုပ်ရမလဲဆိုတာသဘောမတူနိုင်ခဲ့တဲ့နောက် နယ်စပ်မှာသောင်တင်နေတဲ့ ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား)မွတ်ဆလင်(၃၁)ဦးကို အိန္ဒိယရဲတပ်ဖွဲ့က ဇန်န၀ါရီ(၂၂)ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ဟိန္ဒူအမျိုးသားရေးဝါဒီအစိုးရက ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေကို သူတို့ခိုလှုံနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကတရားဝင်အသိအမှတ်မပြုထားဘဲ အိန္ဒိယဘက်ကိုဝင်ရောက်လာတဲ့နိုင်ငံခြားသားတွေအနေနဲ့ရော လုံခြုံရေးအန္တရာယ်တစ်ခုအနေနဲ့ရောသတ်မှတ်ထားပြီး နိုင်ငံတ၀န်းကပြန့်ကြဲနေတဲ့အခြေချစခန်းတွေနဲ့ဆင်းရဲသားရပ်ကွက်တွေမှာ ခိုလှုံနေကြတဲ့ ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား)သောင်းချီကို ဖော်ထုတ်ဖို့နဲ့ နေရပ်ပြန်ပို့ဖို့ အမိန့်ထုတ်ထားပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်သောကြာနေ့ကတည်းက အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဖြတ်သန်းသွားလာခွင့်မရှိတဲ့နေရာမှာ အမျိုးသမီးတွေနဲ့ကလေးတွေပါဝင်နေတဲ့ လူ(၃၁)ဦးရှိနေပြီး နယ်စပ်အာဏာပိုင်တွေ(၂)ကြိမ်ဆွေးနွေးခဲ့ရာမှာလည်း အဖြေတစ်ခုမထွက်ခဲ့ပါဘူး။

ခွင့်ပြုထားတဲ့သွားလာခွင့်စာရွက်စာတမ်းတွေမပါဘဲနဲ့ အိန္ဒိယနိုင်ငံထဲဝင်လာခဲ့တဲ့အတွက် နိုင်ငံခြားသားများဆိုင်ရာအက်ဥပဒေနဲ့ သူတို့ကိုဖမ်းပြီး စွဲချက်တင်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ်နဲ့နယ်မြေထိစပ်နေတဲ့အိန္ဒိယတောင်ပိုင်းထရီပူရပြည်နယ်က ရဲအရာရှိ အဂျေး ကူမားဒတ်စ်ကပြောပါတယ်။

ဗုဒ္ဓဘာသာအများစုရှိတဲ့မြန်မာနိုင်ငံက ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား)သိန်းချီဟာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာရှိတဲ့သူတို့ရဲ့အိမ်တွေကိုစွန့်ခဲ့တာ ဆယ်စုနှစ်ချီနေပါပြီ။

သူတို့ထဲကအများစုဟာ စစ်တပ်ရဲ့ဖြိုခွင်းမှုတွေနဲ့ ခွဲခြားဆက်ဆံခံရမှုတွေကို ထွက်ပြေးခဲ့ကြတာပါ။

တော်တော်များများက ဘင်္ဂလားဒေ့ရှ်မှာခိုလှုံစရာရှာခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်မှာ တစ်သန်းနီးပါးခိုလှုံနေကြပါတယ်။

ဒါပေမဲ့ တခြားလူတွေကတော့ အိန္ဒိယ၊ အရှေ့တောင်အာရှနဲ့ အဲဒီထက်ကျော်တဲ့နယ်မြေတွေမှာ ခိုလှုံကြပါတယ်။

ဖမ်းခံရတဲ့(၃၁)ဦးကတော့ ကတ်ရှ်မီးယားမှာနေခဲ့ကြပြီး တချို့မှာတော့ UNHCRကထုတ်ပေးထားတဲ့အသိအမှတ်ပြုကတ်တွေရှိနေပါတယ်။

UNHCRက အိန္ဒိယက ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား)(၁၆၅၀၀)လောက်ကို အသိအမှတ်ပြုကတ်တွေထုတ်ပေးထားပြီး အဲဒီကတ်တွေက နှောင့်ယှက်တာတွေ၊ နယ်မြေဖြတ်ကျော်ဖမ်းဆီးတာတွေ၊ ထိန်းသိမ်းခံရတာတွေနဲ့ နေရပ်ပြန်ပို့ခံရတာတွေကို ကာကွယ်ပေးနိုင်တယ်လို့ပြောထားပေမဲ့ အိန္ဒိယကတော့ အဲဒီကတ်တွေကို အသိအမှတ်မပြုပါဘူး။

ပြီးခဲ့တဲ့အောက်တိုဘာတုန်းက ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား) (၇)ဦးကို အိန္ဒိယက မြန်မာနိုင်ငံကိုပြန်ပို့ခဲ့ပြီးနောက် အိန္ဒိယက အဲဒီအသိုက်အ၀န်းဟာ နောက်ထပ်ဖြိုခွင်းခံရမှုတွေတွေ့နိုင်တယ်လို့ ကြောက်စိတ်ရှိခဲ့ကြပြီး ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား)မိသားစုရာချီက အိန္ဒိယကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြပါတယ်။

အိန္ဒိယရဲ့တစ်ခုတည်းသောမွတ်ဆလင်ပြည်နယ်ဖြစ်တဲ့ ဂျမ်မူးနဲ့ကတ်ရှ်မီးယားပြည်နယ်မှာ ခြောက်နှစ်ကြာနေထိုင်ခဲ့ပြီး အိန္ဒိယအရှေ့မြောက်ပိုင်းအာသံပြည်နယ်ကိုထွက်ပြေးခဲ့တဲ့ ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား)အယောက်(၃၀)ကို အိန္ဒိယရဲတွေက ဇန်န၀ါရီ(၂၁)ရက်တနင်္လာနေ့မှာ ဖမ်းခဲ့ပါတယ်။

အဲဒီလူစုက ကတ်ရှ်မီးယားမှာ အလုပ်မရှိတော့တာကြောင့် အလုပ်ရှာနေကြတာလို့ပြောတယ်ဆိုပြီး ရဲတွေကပြောပါတယ်။

ရဲတွေရဲ့ပုံမှန်စစ်ဆေးမှုတွေကြောင့် သူတို့ဟာ မြန်မာနိုင်ငံကဆိုတာကိုစစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ဖမ်းဆီးခဲ့တာလို့ အဲဒီအယောက်(၃၀)ကိုဖမ်းမိခဲ့တဲ့ ကာရင်ဂန့်ဂ်ျမြို့ကရဲအရာရှိ အီမွန် စိုင်ကီယာကပြောပါတယ်။

အခုလအစောပိုင်းမှာ ဆော်ဒီအာရေဗျနိုင်ငံကလည်း ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား)ဒါဇင်ချီကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီပြန်ပို့ခဲ့တယ်လို့ Middle East Eye ၀က်ဆိုက်က ဇန်န၀ါရီ(၆)ရက်မှာ ဖော်ပြခဲ့ပါတယ်။

Source-Reuters

#ဥက္ကာ
#TheFifthWaveNews

Leave a Reply