ဂျပန်ကစတိုးဆိုင်တွေမှာ အပြာမဂ္ဂဇင်းတွေအရောင်းရပ်ထား

0
96

ဇန်န၀ါရီ ၂၃
နိုင်ငံတကာသတင်း

(၂၀၁၉)ကမ္ဘာ့ဖလားရပ်ဘီပြိုင်ပွဲနဲ့ (၂၀၂၀)တိုကျိုအိုလံပစ်ပြိုင်ပွဲတို့မတိုင်ခင်မှာ အပြာမဂ္ဂဇင်းတွေအရောင်းရပ်ထားမယ်လို့ ဂျပန်နိုင်ငံရဲ့အကြီးဆုံးစတိုးဆိုင်လုပ်ငန်းစုကြီး(၂)ခုက ပြောပါတယ်။

“ဆိုင်တွေမှာဈေးလာဝယ်သူတွေအားလုံးအတွက် သင့်လျော်တဲ့ပတ်ဝန်းကျင်တစ်ခုဖန်တီးချင်ခဲ့တယ်”လို့ ဂျပန်နိုင်ငံမှာ စတိုးဆိုင်(၂)သောင်းကျော်ဖွင့်ထားတဲ့ ဆဲဗင်းအလဲဗင်းကပြောပါတယ်။

ဆဲဗင်းအလဲဗင်းရဲ့ပြိုင်ဘက် လော်ဆန်ကုမ္ပဏီကလည်း သူတို့လည်ပတ်နေတဲ့ဆိုင်(၁၄၀၀၀)လောက်မှာ အဲဒီလိုမျိုးအမိန့်ထုတ်ထားပါတယ်။
အဲဒီအားကစားပွဲတော်(၂)ခုအတွက် ကမ္ဘာ့လှည့်ခရီးသည်တော်တော်များများဂျပန်နိုင်ငံကိုလာရောက်ဖို့ရှိနေပါတယ်။

ဂျပန်နိုင်ငံကလူကြိုက်များပြီး (၂၄)နာရီလုံးဖွင့်တဲ့သက်သာဆိုင်တွေဟာ ကော်ဖီကနေ အေးခဲထားတဲအစားအစာတွေအထိသာမက စိတ်ထဲမှာငြီးငွေ့နေတဲ့စီးပွာရေးသမားတွေအတွက် လုပ်ငန်းခွင်ထဲမှာဝတ်စရာရှပ်အကျီင်္အပိုတွေအထိ ရောင်းချပါတယ်။

အပြာမဂ္ဂဇင်းတွေကို တခြားခေါင်းစဉ်တပ်ထားပြီး ဆိုင်ရှေ့နားကတန်းတွေမှာတင်ထားလေ့ရှိသလို တခါတလေမှာတော့ စင်အနိမ့်နဲ့တင်ထားလေ့ရှိပါတယ်။

အဲဒီလိုထားတဲ့အတွက် မကောင်းမြင်သွားနိုင်တာကိုလည်း ဆိုင်တွေကကြောက်နေပါတယ်။

“အတိတ်တုန်းကတော့ ဆဲဗင်းအလဲဗင်းကို ယမကာနဲ့အလွယ်စာတွေဝယ်ဖို့ အမျိုးသားတွေအများစုက အသုံးပြုကြတော့ ကျွန်တော်တို့တင်တာကလည်း အမျိုးသားတွေအတွက် ဦးတည်သွားတာပါ”လို့ ဆဲဗင်းအလဲဗင်းက ရိုက်တာသတင်းအေဂျင်စီကိုပြောပါတယ်။

“ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဆဲဗင်းအလဲဗင်းရဲ့အခန်းကဏ္ဍက ပြောင်းလဲလာပြီးတော့ မိသားစုတွေ၊ ကလေးတွေနဲ့ လူကြီးတွေအတွက်လည်း ဈေးဝယ်စရာနေရာတစ်ခုဖြစ်လာပါတယ်”လို့လည်းပြောပါတယ်။

အပြာမဂ္ဂဇင်းတွေကိုရောင်းချတာက ရောင်းအားစုစုပေါင်းရဲ့(၁)ရာခိုင်နှုန်းထက်နည်းတယ်လို့လည်းပြောပြီး အခုမရောင်းဖို့တားထားတာကြောင့် လွတ်နေတဲ့နေရာတွေမှာ တခြားပစ္စည်းတွေကိုရောင်းချသွားမယ်လို့လည်း ဆဲဗင်းအလဲဗင်းဘက်ကပြောပါတယ်။

လာမယ့်စက်တင်ဘာလမှာ ကမ္ဘာ့ဖလားရပ်ဘီပြိုင်ပွဲကျင်းပမှာဖြစ်ပြီး တိုကျိုအိုလံပစ်ကတော့ (၂၀၂၀)ပြည့်နှစ်၊ ဇူလိုင်လမှာကျင်းပမှာပါ။

Source-BBC

#ဥက္ကာ
#TheFifthWaveNews

Leave a Reply