မင်းက နုပါသေးတယ်။ ခုမှဆယ်အိမ်မှူး ဖြစ်တာ ၂ ရက်ပဲ ရှိပါသေးတယ် ပြောရာ မကျေနပ်၍ ဆယ်အိမ်မှူးသစ်​မှရာအိမ်မှူးဟောင်းအား ဓားဖြင့်​ခုတ်​သတ်

0
196

ရန်ကုန်၊ ဇန်နဝါရီ ၉ ၊၂၀၁၈

မ​ကွေးတိုင်း​ဒေသကြီး ၊ သရက်​ခရိုင် ​၊ မင်းတုန်းမြို့နယ် ​လင်​ဘန်းအုပ်​စု ၊သရက်​စမ်း​ကျေးရွာတွင်​ ဇန်​နဝါရီ ၈ ရက်​ည ၇ နာရီခန့့်၌ ရာအိမ်​မှူး​ဟောင်းအား ဆယ်​အိမ်​မှူးအသစ်​က ဓားနှင့်​ခုတ်​သတ်မှု ဖြစ်ပွားခဲ့ကြောင်း မင်းတုံးမြို့မ
ရဲတပ်​ဖွဲ့စခန်းမှသိရသည်။

“ဆယ်​အိမ်​မှူးသစ်​ ရဲ​နောင်​က ရာအိမ်​မှူး​ဟောင်း ကိုတင်​​ထွေးကိုအိမ်​​ထောင်​စုဇယားကိုမြို့တက်​ပြီးအုပ်​ချုပ်​​ရေးမှူးနဲ့လိုက်လုပ်​ဖို့​ပြောရာကဖြစ်​တာ”ဟုမင်းတုံးမြို့မရဲတပ်​ဖွဲ့စခန်းမှ တာဝန်​ရှိရဲအရာရှိတစ်​ဦးမှ​ပြောသည်​။

ဖြစ်​ဉ်​မှာလင်​ဘန်းအုပ်​စု သရက်​စမ်း​ကျေးရွာ​နေဦးတင်​​ထွေး၊(၃၇)နှစ်​(ဘ)ဦးကြာ၊ဦးရဲ​နောင်​(၂၄)နှစ်​(ဘ)ဦးဆန်း​ရွေ၊တို့အရက်​ဝိုင်းဖွဲ့​သောက်​​နေစဉ်​ရာအိမ်​မှူး​ဟောင်း
ဦးတင်​ထွေးကိုဆယ်​အိမ်​မှူးသစ်​ဦးရဲ​နောင်​မှအိမ်​​ထောင်​စု ဇယားကိုအုပ်​ချုပ်​​ရေးမှူးနှင့်​မြို့သို့လိုက်​ပြီး​ဆောင်​ရွက်​ရန်​​ပြောရာမှ ရာအိမ်​မှူးဟောင်း ဦးတင်ထွေးက “မင်းကနုပါ​သေးတယ်​၊ ခုမှဆယ်​အိမ်​မှူးဖြစ်​တာ ၂ ရက်​ပဲရှိပါ​သေးတယ်​“ဟု ​ပြောဆိုသည်ကို ကိုရဲနောင်က မ​ကျေနပ်၍ ဦး​ခေါင်းကိုဓားမနှင့် ခုတ်​ရာမှဦးတင်​​ထွေးမှာ​သေဆုံးခဲ့​ကြောင်း ဦးတင်​​ထွေး ၏ ဇနီးဖြစ်​သူမဆန်းလွင်​ မှာလည်းဝင်​ဆွဲရာမှယာ​ကျောတွင်
(မစိုးရိမ်​ရ)ဓားဓာဏ်​ရာတစ်​ချက်​ရရှိ၍ မြို့နယ်​​ဆေးရုံသို့ ​ပို့​ဆောင်​​ပေးခဲ့ရကြောင်းမင်းတုံးမြို့မရဲတပ်​ဖွဲ့စခန်းမှသိရသည်​။

အဆိုပါဖြစ်​စဉ်​ကိုဇန်​နဝါရီ၈။၂၀၁၈ည ၈နာရီဝန်းကျင်​ခန့်
တွင်​ဇနီးဖြစ်​သူမဆန်းလွင်​မှ မင်းတုံးမြို့ရဲတပ်​ဖွဲ့စခန်းတွင်
တိုင်​တန်းခဲ့သည့်​အတွက်​မင်းတုန်းမြို့မရဲတပ်​ဖွဲ့စခန်းမှ
စခန်းမှူးဒုရဲမှူးစိန်​​သောင်းမှအမှု စစ်​ပြုလုပ်​၍ (ပ) ၇/၂၀၁၈၊ရာဇသတ်​ကြီးပုဒ်​မ ၃၀၂/၃၂၆ဖြင့်​အမူ့ဖွင့်​ကာတရားခံကို
ညတွင်းဖမ်းဆီးအ​ရေးယူခဲ့​ကြောင်းသိရသည်​။

မြတ်​ဟိန်း​ကျော်

Leave a Reply