ရဲအင်အား ၁၀ ဦးခန့်သာရှိသော နယ်ခြားစောင့်ရဲစခန်းအား တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား Fifth Wave မီဒီယာမှ ဆက်သွယ်မေးမြန်းထားမှု ကို ပြန်လည်ဖော်ပြလိုက်သည်။
ကျော်သူမြင့်
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ဆက်သွယ်မေးမြန်းချက်
FWN – ဒီနေ့မနက်မှာ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပစ်ခတ်တိုက်ခိုက်မှုဖြစ်တယ်လို့သိရတယ်။ ဖြစ်စဉ်ကိုရှင်းပြပေးပါ။
ဖြေ – နယ်ခြားမှတ်တိုင် (၄၁) တောင်ပြိုလက်ဝဲဘက်အခြမ်းပေါ့ တောင်ပြိုဘက်ပေါ့။ နယ်ခြားစောင့်တပ် နယ်မြေ(၁)ဒေသဖြစ်တဲ့ နယ်ခြားမှတ်တိုင်(၄၁)ဟိုဘက်ဒေသဖြစ်တဲ့ တောင် ကုန်းပေါ်ကနေ လှမ်းပြီးပစ်တယ်။
လှမ်းပစ်တဲ့လက်နက်ကတော့ ဗုံးပစ်လောင်ချာပေါ့ ဗုံးပစ်လောင်ချာဆိုတော့ လက်နက်ငယ်လို့လဲ ပြောလို့တော့ ခက်ပါတယ်။ လက်နက်ကြီးလို့လဲ ပြောလို့တော့ ခက်ပါတယ်။ လက်နက်ငယ်တွေနဲ့လဲ ပစ်တယ်။ ထိတွေ့တိုက်ပွဲအနေနဲ့တော့ မဟုတ်ဘူး။ အောက်က ပစ်တဲ့သူလဲ မြင်ရတာမဟုတ်ဘူး။ ခြောက်နာရီကျော်လောက်ကပစ်တယ် ၁၅မိနစ် မိနစ် ၂၀ လောက်ပစ်ပြီး ပြီးသွားတယ်။
FWN – ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကရောခင်ဗျ။
ဖြေ – နယ်ခြားစောင့်တပ်ဖွဲ့တွေ ထိခိုက်ဒဏ်ရာရတာတော့မရှိဘူးဗျ။ စခန်းပေါ်ပစ်တာဆိုတော့ အရပ်သားတော့ထိတာ မရှိပါဘူးဗျ။
FWN – ဒီကိစ္စကို ဘယ်လိုဆက်လက်ဆောင်ရွက်ဖို့ရှိလဲ။
ဖြေ – နယ်ခြားစောင့်ရဲတပ်ဖွဲ့က တဆင့်တဖက်ကို ကန့်ကွက်စာပို့ထားပြီလို့ သိရတယ်။
FWN – ဘယ်အဖွဲ့က ပစ်ခတ်တယ်လို့ ခန့်မှန်းမိလဲ။
ဖြေ – အဲ့ဘက်အခြမ်း နယ်မြေဒေသဘက်က ARSA အဖွဲ့ထင်ပါတယ်။ ခန့်မှန်းရတာပေါ့ သူတို့ကတော့ ရင်ဆိုင်တိုက်ပွဲလည်းမဟုတ်ဘူး။ ARSA အဖွဲ့လှုပ်ရှားတဲ့ နယ်မြေပေါ့ ARSA လို့ခန့်မှန်းရတာ ပေါ့။
FWN – အခုရက်ပိုင်းအတွင်း AA နဲ့ တိုက်ပွဲအခြေအနေက ဘယ်လိုရှိလဲခင်ဗျ။
ဖြေ – ၂၂ ရက်နေ့ရယ် ၂၃ ရက်နေ့ရက်မှာတော့ ပလက်ဝဘက်အခြမ်းမှာတော့ တိုက်ပွဲတွေရှိတယ်ဗျ။
FWN – နှစ်ဘက်ကျဆုံးမှုအခြေအနေရှင်းပြပေးပါ။
ဖြေ – နှစ်ဘက်လုံးမှာတော့ ရှိပါတယ်။
FWN – ကျေးဇူးတင်ပါတယ်။
#thefifthwavenews #ဗိုလ်မှူးချုပ်ဇော်မင်းထွန်း #တပ်မတော် #ပဉ္စမလှိုင်း
ပုံစာ – ဇန်နဝါရီ ၁၈ ရက်က နေပြည်တော် တပ်မတော်စစ်သမိုင်းပြတိုက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ဗိုလ်မှူးချုပ် ဇော်မင်းထွန်း
Photo : MPA