“မြန်​မာပြည်​တွင်း​ရေးအ​ခြေအ​နေ​ကြောင့်​ ဘင်္ဂါလီပြဿနာကိုပိုဆိုး​စေ” ဟု ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံခြား​ရေးအတွင်းဝန်​​ပြော

0
86

ဇန်​နဝါရီ ၂၅
နိုင်​ငံတကာသတင်း

မကြာ​သေးမီက မြန်မာနိုင်​ငံရဲ့ရခိုင်​ပြည်​နယ်​​မြောက်​ပိုင်းမှာ က​သောင်းကနင်းဖြစ်​ခဲ့တာ​တွေ​ကြောင့်​ ဘင်္ဂါလီ(မူရင်းတွင်​ရိုဟင်​ဂျာဟု​ဖော်​ပြထား)အကြပ်​အတည်းကို ပိုဆိုး​စေခဲ့တယ်​လို့ ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံခြား​ရေးအတွင်းဝန်​က ​ပြောခဲ့ပြီး ဒီအ​ခြေအ​နေကို​ဖြေရှင်းရာမှာ အ​မေရိကန်​ရဲ့​ထောက်​ခံမှုကို ရှာ​ဖွေသွားမယ်​လို့လည်း​ပြောပါတယ်​။

“သင့်​​တော်​တဲ့အ​ခြေအ​နေ​တစ်​ခုကို ဖန်​တီးဖို့က မြန်​မာအာဏာပိုင်​​တွေရဲ့တာဝန်​ဖြစ်​ပြီး​တော့ ဒီလိုသာလုပ်မယ်ဆိုရင် ​​​လက်​ရှိဘင်္ဂလား​ဒေ့ရှ်​မှာရှိ​နေတဲ့ဘင်္ဂါလီ(မူရင်းတွင်​ရိုဟင်​ဂျာဟု​ဖော်​ပြထား)​တွေက မြန်​မာနိုင်​ငံကိုပြန်​ဖို့ လုံခြုံတယ်​လို့ ခံစားရမယ်​။”လို့ ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံခြား​ရေးအတွင်းဝန်​ ရှာဟီဒူး ဟာ့ခ်​က​ ဇန်နဝါရီ(၂၂)ရက်​မှာ​ပြောတယ်​ဆိုပြီး ဘင်္ဂလား​ဒေ့ရှ်​သတင်းသမဂ္ဂ(U.N.B)က​ဖော်​ပြပါတယ်​။

ဒီအကြပ်​အတည်း​ဖြေရှင်းရာမှာ အ​မေရိကန်​ရဲ့အကူအညီကိုရှာ​ဖွေတဲ့အ​နေနဲ့ ဇန်​နဝါရီ(၂၂)ရက်​က အ​မေရိကန်​ပြည်​​ထောင်​စု၊ ဝါရှင်​တန်​ဒီစီမှာ USAIDကြီးကြပ်​ကွပ်​ကဲ​ရေးမှူး မာ့ခ်​ ဂရင်း၊ အ​မေရိကန်​နိုင်​ငံခြား​ရေးဝန်​ကြီးဌာန၊ နိုင်​ငံခြား​ရေးရာဒုတိယဝန်​ကြီး ​ဒေး​ဗစ်​ ​ဟေးတို့နဲ့​ဆွေး​နွေးမှု​တွေမှာလည်း ထည့်​သွင်း​ဆွေး​နွေးခဲ့ပါတယ်​။

အ​မေရိကန်​အကြီးတန်းအရာရှိ​တွေက ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံခြား​ရေးအတွင်းဝန်​ကို သူတို့ရဲ့ရုံးခန်း​တွေမှာကြိုဆိုခဲ့ကြပြီး နှစ်​ဖက်​အကျိုးရှိမယ့်​ကိစ္စရပ်​​တွေကို​ဆွေး​နွေးခဲ့တယ်​လို့ ဘင်္ဂလား​ဒေ့ရှ်​အစိုးရက ဇန်​နဝါရီ(၂၃)ရက်​မှာ သတင်း​ထောက်​​တွေကို​ထုတ်​ပြန်​တဲ့စာရွက်​စာတမ်း(P.I.D)​တွေအရသိရပါတယ်​။

ပြီးခဲ့တဲ့နှစ်​မှာ မြန်​မာစစ်​တပ်​ရဲ့နှိပ်​စက်​မှု​တွေ​ကြောင့်​ ရခိုင်​ပြည်​နယ်​က​နေထွက်​​ပြေးခဲ့ရတဲ့ ဘင်္ဂလီ(မူရင်းတွင်​ ရိုဟင်​ဂျာဟု​ဖော်​ပြထား)ဒုက္ခသည်​​တွေကို ရက်​ရက်​​ရော​ရောနဲ့ သည်းခံ​ဖြေရှင်း​နေတဲ့ ဝန်​ကြီးချုပ်​ ရှိတ်​ ဟာဆီနာကိုလည်း အ​မေရိကန်​အာဏာပိုင်​​တွေက ချီးကျုးခဲ့တယ်​လို့ (P.I.D)ကအချက်​အလက်​​တွေကို ကိုးကားပြီး ဒါကာထရြီ​ဗွန်းက​ဖော်​ပြပါတယ်​။

ပြီးခဲ့တဲ့နိုဝင်​ဘာ(၁၅)ရက်​မှာ ဘင်္ဂါလီ​တွေပြန်​လက်​ခံ​ရေးအတွက်​ မြန်​မာနိုင်​ငံဘက်​က​စောင့်​ဆိုင်းခဲ့​ပေမဲ့ ပြန်​လာသူမရှိခဲ့ပါဘူး။

Source-Dhaka Tribune

#ဥက္ကာ
#TheFifthWaveNews

Leave a Reply