အသက် (၈) နှစ်အရွယ် အမျိုးသမီး ကလေးငယ်အား မုဒိမ်းပြုကျင့်သူကို တစ်လကျော်အကြာတွင် ဖမ်းဆီးရမိ

0
117

ဇန်နဝါရီ ၂၅
နိုင်လင်းဦး

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဈ) ရပ်ကွက်တွင်နေထိုင်သည့် အသက် (၈) နှစ်အရွယ် အမျိုးသမီး ကလေးငယ်အား မုဒိမ်းပြုကျင့်သူ တရားခံကို တစ်လကျော်အကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့က သိရသည် ။

တရားခံအား ရှမ်းပြည်နယ် ရပ်စောက်မြို့တွင် ဇန်နဝါရီလ ၂၄ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၄င်းအနေဖြင့် ပုဂံ ၊ မကွေး ၊ ချောက်မြို့ များတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းကြောင်း သိရသည် ။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ နေ့လည်ပိုင်းအချိန်က အသက် (၈) နှစ်အရွယ် အမျိုသမီး ကလေးငယ်သည် နေအိမ်မှ စက်ဘီးဖြင့်ထွက်သွားရာ ၄၇ လမ်း နှင့် ၄၈ လမ်းကြား ၊ တပင်ရွှေထီးလမ်း နှင့် မက္ခရာလမ်းကြား တွင် အမည်မသိ လူတစ်ဦးမှ ဆိုင်ကယ်ဖြင့် တင်ခေါ်သွားကြောင်း CCTV မှတ်တမ်းမျအရ သိရသည် ။

ထို့နောက် အသက် (၈) နှစ်အရွယ် အမျိုးသမီး ကလေးငယ်၏ ဖခင်သည် သက်ဆိုင်ရာ အပိုင်ရဲစခန်းတွင် လူပျောက်ကြော်ငြာအမှတ်စဉ် (၈/၂၀၁၈) ဖြင့် လူပျောက်တိုင်တန်းခဲ့သည် ။

ပျောက်ဆုံးသွားသည့်ကလေးငယ်အား ပြင်ဦးလွင်မြို့နယ် ပြင်စာရဲစခန်းအပိုင်အတွင်း အဝတ်ဗလာဖြင့် သတိလစ်မေ့မြောနေသည်ကို တွေ့ရှိခဲ့ပြီး ကလေးမှာ မုဒိမ်းပြုကျင့်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည် ။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူ သီဟာနိုင် (ခ) အငယ်လေး အား ပြင်ဦးလွင်မြို့နယ် ပြင်စာရဲစခန်းတွင် (ပ) ၁၈၂/၂၀၁၈ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၃/၃၇၆/၃၂၅ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည် ။

Leave a Reply