ငြိမ်းချမ်းရေးဆောင်ရွက်ချက်တွင် မိုင်းရှင်းလင်းရေး အငွေ့အသက်ပင် မပါကြောင်း ရှင်းလင်း

0
190

ရန်ကုန် ၊ ဇန်​နဝါရီ ၁၀ ၊၂၀၁၈

ငြိမ်းချမ်းရေးဆောင်ရွက်ချက်တွင် မိုင်းရှင်းလင်းရေး အငွေ့အသက်ပင် မပါကြောင်း ​မြေမြုပ်​မိုင်းအသုံးပြုမှု ပိတ်​ပင်​တားမြစ်​ခြင်း Landmine Monitor ၏၂၀၁၇ခုနှစ် အစီရင်​ခံစာဆိုင်​ရာ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

မြေမြုပ်​မိုင်းအသုံးပြုမှု ပိတ်​ပင်​တားမြစ်​ခြင်း Landmine Monitor ၏
၂၀၁၇ခုနှစ် အစီရင်​ခံစာဆိုင်​ရာ သတင်းစာရှင်းလင်းပွဲကို တော်​ဝင်​နှင်းဆီ ခမ်းမတွင်​ ဇန်​နဝါရီ ၁၀ရက်နေ့က ကျင်းပပြုလုပ်​ခဲ့သည်​။

အဆိုပါအစီရင်​ခံစာသည်​​မြေမြုပ်​မိုင်းအသုံးပြုမှုပိတ်​ပင်​တားမြစ်​ခြင်း
နိုင်​ငံတကာအစည်းအရုံးလှုံ့​ဆော်​​ရေးအဖွဲ့(ICBL)၏မြန်​မာနိုင်​ငံအစီရင်​ခံစာ​ဖြစ်​​ကြောင်းသိရသည်​။

“ငြိမ်းချမ်း​ရေး​ဆောင်ရွက်ချက်မှာ မိုင်းရှင်းလင်း​ရေးဆိုတဲ့ အ​ငွေ့အသက်​​တောင် ​ပါမလာဘူး၊ ​မြေမြုပ်​မိုင်းတားဆီး​ရေး မပါတဲ့အတွက်​ စိုးရိမ်​ကြီးစွာ​တွေ့ရှိရတယ်​၊မြန်​မာတစ်နိုင်​ငံလုံး​မြေမြုပ်​မိုင်းသုံးစွဲမှု ရပ်​တန့်​ဖို့အချိန်​​ရောက်​ပါပြီဗျာ”ဟု သတင်းစာရှင်းလင်းပွဲကို ဦး​ဆောင်​ကျင်းပသူ ​ဒေါက်​တာ​ယေရွာမိုဆာပန်​ဆူဝန်က​ပြောသည်​။

မြေမြုပ်​မိုင်းအသုံးပြုမှုပိတ်​ပင်​တားမြစ်​ခြင်း နိုင်ငံတကာ အစည်းအရုံး လှုံ့​ဆော်​​ရေးအဖွဲ့(ICBL)သည် ​၁၉၉၇တွင်​ လူသားခြင်းစာနာမှု
နိုဘယ်​ငြိမ်းချမ်း​ရေးဆုကို ရရှိခဲ့​ကြောင်း၊ မြန်​မာနိုင်​ငံသည် ​ငြိမ်းချမ်း​ရေးကို ​ဆောင်​ရွက်​​နေ​သော်​လည်း မိုင်းရှင်းလင်း​ရေးကို ထိ​ရောက်​စွာ ​ဆောင်​ရွက်​ခြင်းမရှိသောကြောင့် ​မိုင်းများရှိ​နေ၍ မငြိမ်းချမ်းနိုင်​​ကြောင်းသိရသည်။ ထို့အပြင် ကမ္ဘာတွင် မိုင်း အများဆုံး ​တွေ့ရှိနိုင်​ငံစာရင်း၌​ တတိယအဆင့်​ဖြစ်၍ မြို့နယ်၂၀ ရာခိုင်နှုန်း မိုင်းရှိနယ်​​မြေဖြစ်​​နေ​ကြောင်း သိရသည်။ ယခုသတင်းစာရှင်းလင်းပွဲကို ကျင်းပရခြင်းမှာ သတင်းမီဒီယာများမှ တဆင့် သက်​ဆိုင်​ရာအစိုးရသိရှိ​ဆောင်​ရွက်​နိုင်​ရန်​ အတွက်ပြုလုပ်​ရခြင်းဖြစ်​​ကြောင်း​သိရသည်​။

သတင်းစာရှင်းလင်းပွဲတွင်​ တသီးပုဂ္ဂလဦးခင်​​မောင်​ဦးက ဘာသာပြန်​ဆို​ပေးခဲ့ပြီး ၊​မြေမြုပ်​မိုင်းအသုံးပြုမှု ပိတ်​ပင်​တားမြစ်​ခြင်း စည်းရုံးလှုံ့​ဆော်​​ရေးအဖွဲ့(ICBL) ၏နှစ်​စဉ်​ထုတ်​​ဝေ​နေကျဖြစ်​​သော တစ်ကမ္ဘာလုံးဆိုင်ရာ​မြေမြုပ်မိုင်းအသုံးပြုမှု ​စောင့်​ကြည့်​​လေ့လာ​ရေး အစီ​ရင်​ခံစာ၏ တစ်စိတ်တပိုင်းဖြစ်​​ကြောင်းသိရသည်။

(ICBL)ကို ကမ္ဘာ့တစ်​ဝှမ်းလူသတ်​မိုင်းများရှင်းလင်း​ရေးအတွက်​ (၁၉၉၂)တွင်​ဖွဲ့စည်းခဲ့ပြီးနိုင်ငံ​ပေါင်း(၇၀)ရှိ အစိုးရမဟုတ်​​သော အဖွဲ့အစည်း (၁၃၀၀) ​ကျော်​ ပါဝင်​​သော ကွန်​ယက်​တစ်​ခုဖြစ်​​ကြောင်း၊ မြန်မာနိုင်ငံသည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်​ငြိမ်းချမ်း​ရေး​ဆွေး​နွေးပွဲစတင်​သည့်​အချိန်​မှစ၍​မြေမြုပ်​မိုင်း​ကြောင့်​​သေဆုံးသူ
(သို့မဟုတ်​) ထိခိုက်​ဒါဏ်​ရာရသူ စုစု​ပေါင်း (၁၀၆၀)နီးပါးခန့်​ ရှိပြီး
မိုင်းရှင်းလင်း​ရေးကိစ္စမှာ ယခုချိန်​အထိစတင်​နိုင်​ခြင်းမရှိ​သေး​ကြောင်း
မြန်​မာနိုင်​ငံတွင်​ဖြစ်​​ပေါ်​နေ​သော ​မြေမြုပ်​မိုင်းအကြပ်​အတည်း၏ ​နောက်​ဆုံးအ​ခြေ​နေ သတင်းအချက်​လက်​များကို ဒီဇင်​ဘာ​နှောင်းပိုင်းတွင်​ကျင်းပခဲ့​သောမိုင်းအသုံးပြုမှု တားမြစ်​ပိတ်​ပင်​ခြင်းသ​ဘောတူညီချက်​အဖွဲ့ဝင်​နိုင်​ငံများ၏(၁၆)ကြိမ်​​မြောက်​အစည်းအ​ဝေးတွင်​ထုတ်​ပြန်​ခဲ့​သော​မြေမြုပ်​မိုင်း​စောင့်​ကြည့်​​လေ့လာ​ရေးကမ္ဘာလုံးဆိုင်​ရာအစီရင်​ခံစာမှမြန်​မာနိုင်​ငံဆိုင်​ရာအစီရင်​ခံချက်​ပါအချက်​အလက်​ဖြစ်
ကြောင်းသိရသည်​။

မြတ်​ဟိန်း​ကျော်

Leave a Reply