ရန်ကုန်လာမည့် ဘင်္ဂါလီ ၁၁ ဦး အမ်းမြို့နယ်တွင် ဖမ်းမိ

0
231

ဇန်န၀ါရီ ၂၅
ညိုမှိုင်း

ရခိုင်ပြည်နယ်အတွင်းမှ ရန်ကုန်သို့ အထောက်အထားမဲ့သွားလာမှုပြုသည့် ဘင်္ဂါလီ ၁၁ ဦးတို့အား အမ်းမြို့နယ်အတွင်း ဇန်န၀ါရီ ၂၃ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဘင်္ဂါလီများမှာ စစ်တွေမြို့မှ ရန်ကုန်မြို့သို့ထွက်ခွာလာခဲ့သည့် ၆ ဘီးကားဖြင့်လိုက်ပါလာခဲ့ကြခြင်းဖြစ်ကာ အမ်းမြို့နယ်အတွင်း ညအချိန်ဖြတ်သန်းမောင်းနှင်လာစဉ် ကံမြင့်ကန်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ ၂၃ ရက်နေ့ည ၁၀ နာရီခွဲမှာ ဖမ်းမိတာပါ။ ၆ ဘီးကားတစ်စီးနဲ့ လိုက်လာခဲ့တာဖြစ်ပါတယ်။ ဖမ်းမီတဲ့ဘင်္ဂါလီတွေကတော့ မြောက်ဦးမြို့နယ်က ၁၀ ဦး၊ မင်းပြားမြို့နယ်က ၁ ဦးပါ။ သူတို့က တစ်ယောက်ကို ကျပ် ၁၅ သိန်းစီပေးပြီးတော့ လိုက်လာတာလို့သိရပါတယ်။”ဟု ကံမြင့်ကန်စစ်ဆေးရေးဂိတ်ကပြောသည်။

ယင်းဘင်္ဂါလီများအား သယ်ဆောင်လာခဲ့သည့် ယာဉ်အမှတ် BGO/2141 အားမောင်းနှင်လာသည့် ယဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး တရားမ၀င်လိုက်ပါလာသူ ၁၁ ဦးနှင့် ယာဉ်တို့ကိုဖမ်းဆီးထား ခြင်းဖြစ်သည်။

“အဲဒီ ၁၁ ဦးကို ဆန်အိတ်တွေနဲ့အတူ တင်ဆောင်လာခဲ့တာပါ။ အထောက်အထားမဲ့ တင်ဆောင် လာတာပေါ့။ ယာဉ်မောင်းကတော့ အောင်အောင်ဖြစ်ပါတယ်။ ယာဉ်နောက်လိုက်ကတော့ မိုးအောင်လို့သိရတယ်။ သူတို့ကိုတော့ လဝကဥပဒေနဲ့ အရေးယူဆောင်ရွက်ထားပါတယ်”ဟု ဆက်လက်ပြောကြားသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်းနေထိုင်လျက်ရှိသည့် ဘင်္ဂါလီများမှာ ရန်ကုန်သို့ကားများဖြင့် တရားမ၀င်သွားလာမှုများရှိနေပြီး မကြာခဏဖမ်းဆီးရမိမှုများလည်းရှိသည်။

Leave a Reply