ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွား

0
141

ဇန်နဝါရီ ၂၆
ညိုမှိုင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ ရသေ့တောင်မြို့နယ်အတွင်းမှာ ယနေ့နံနက်ပိုင်းက မြန်မာ့တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများထပ်မံဖြစ်ပွားခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလည်းရှိခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားမှုမှာ ရသေ့တောင်မြို့နယ် မြောက်ပိုင်းဒေသ အိုးဖောက်ကျေးရွာအနီးရှိ အာကာတောင်တန်းတွင် ဖြစ်ကာ နံနက် ၉ နာရီခန့်တွင်စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မနက် ၉ နာရီလောက်ကနေ အသံတွေစကြားရပါတယ်။ လက်နက်ကြီးတွေနဲ့လည်း တော်တော်များများပစ်တယ်။ ပြီးတော့ သေနတ်သံတွေလည်းကြားတယ်။ ဖြစ်တဲ့နေရာကတော အိုးဖောက်နဲ့သမီးလှရွာကြားလို့သိရတယ်။ အာကာတောင်တန်းနားမှာဖြစ်နေတာပါ။”ဟု ရသေ့တောင်ဒေသခံတစ်ဦးက ပြောသည်။

ယင်းသို့ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည့်အတွက် အနီးအားရှိဒေသခံကျေးရွာသားများမှာ ကြောက်ရွံ့ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးနေခဲ့ကြရကြောင်း ဒေသခံများကပြောသည်။

“တိုက်ပွဲဖြစ်တဲ့အချိန်မှာတော့ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေ တော်တော်များတယ်ဗျ။ ဒါကြောင့် ပြင်းပြင်းထန်ထန်ဖြစ်နေတယ်ဆိုပြီးတော့ စိုးရိမ်မှုတွေရှိတာပေါ့။ အိမ်မှာမနေရဲဘဲ ဘုန်းကြီးကျောင်းတို့၊ စာသင်ကျောင်းတို့ အဲဒီနေရာတွေမှာ တစ်ရွာလုံးစုံပြီး ရှောင်နေခဲ့ကြရတာပေါ့။”ဟု ရွာသားတစ်ဦးကပြောသည်။

ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသ သြရမတောင်တန်းတွင် မြန်မာ့တပ်မတ်ေနှင့် AA တို့အကြားတိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြို့နယ်အတွင်း ယနေ့ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၂၆
ညိုမှိုင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ ရသေ့တောင်မြို့နယ်အတွင်းမှာ ယနေ့နံနက်ပိုင်းက မြန်မာ့တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများထပ်မံဖြစ်ပွားခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလည်းရှိခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားမှုမှာ ရသေ့တောင်မြို့နယ် မြောက်ပိုင်းဒေသ အိုးဖောက်ကျေးရွာအနီးရှိ အာကာတောင်တန်းတွင် ဖြစ်ကာ နံနက် ၉ နာရီခန့်တွင်စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မနက် ၉ နာရီလောက်ကနေ အသံတွေစကြားရပါတယ်။ လက်နက်ကြီးတွေနဲ့လည်း တော်တော်များများပစ်တယ်။ ပြီးတော့ သေနတ်သံတွေလည်းကြားတယ်။ ဖြစ်တဲ့နေရာကတော အိုးဖောက်နဲ့သမီးလှရွာကြားလို့သိရတယ်။ အာကာတောင်တန်းနားမှာဖြစ်နေတာပါ။”ဟု ရသေ့တောင်ဒေသခံတစ်ဦးက ပြောသည်။

ယင်းသို့ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည့်အတွက် အနီးအားရှိဒေသခံကျေးရွာသားများမှာ ကြောက်ရွံ့ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးနေခဲ့ကြရကြောင်း ဒေသခံများကပြောသည်။

“တိုက်ပွဲဖြစ်တဲ့အချိန်မှာတော့ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေ တော်တော်များတယ်ဗျ။ ဒါကြောင့် ပြင်းပြင်းထန်ထိန်ဖြစ်နေတယ်ဆိုပြီးတော့ စိုးရိမ်မှုတွေရှိတာပေါ့။ အိမ်မှာမနေရဲဘဲ ဘုန်းကြီးကျောင်းတို့၊ စာသင်ကျောင်းတို့ အဲဒီနေရာတွေမှာ တစ်ရွာလုံးစုံပြီး ရှောင်နေခဲ့ကြရတာပေါ့။”ဟု ရွာသားတစ်ဦးကပြောသည်။

Leave a Reply