အသက် (၁၅) နှစ်အရွယ် မိန်းကလေးအား မုဒိမ်းပြုကျင့်သည့် ရဲဒုတပ်ကြပ်ကို ဖမ်းမိ

0
258

ဇန်နဝါရီ ၂၆
နိုင်လင်းဦး

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် အသက် (၁၅) နှစ်အရွယ် မိန်းကလေးအား မဒိမ်းပြုကျင့်သည့် အမှတ် (၇) နယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ်ကို ဇန်နဝါရီလ၂ ၅ ရက်နေ့က ဖမ်းဆီးရမိထားပြီးဖြစ်ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ မဟာအောင်မြေမြို့နယ် အမှတ် (၇) နယ်မြေရဲစခန်းမှ အိမ်ထောင်ရှိသူ ရဲဒုတပ်ကြပ် တေဇာအောင် က အသက် (၁၅) နှစ်အရွယ် မိန်းကလေးအား တည်းခိုခန်းတွင်ခေါ်၍ သားမယားပြုကျင့်ခြင်းဖြစ်ကြောင်း သိရသည် ။

ထိုသို့ပြစ်မှုကျူးလွန်ပြီးနောက်တွင် ပြစ်မှုကျူးလွန်သူ ရဲဒုတပ်ကြပ်သည် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ဒိုက်ဦးမြို့ ရန်ကုန် – မန္တလေး အမြန်လမ်းပေါ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရဲဒုတပ်ကြပ် တေဇာအောင်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၆၃ တို့ဖြင့် အမှတ် (၇) ရဲစခန်းတွင် အမှုဖွင့်ထားသည် ။

Leave a Reply