ယာယီအစိုးရရသုံ​ငွေစာရင်းကိုထရမ့်​အတည်​ပြု၊ (၃၅)ရက်​ကြာအစိုးရလုပ်​ငန်းများရပ်​ဆိုင်း​နေခြင်း အဆုံးသတ်

0
133

ဇန်​နဝါရီ ၂၆
နိုင်​ငံတကာသတင်း

အ​မေရိကန်​သမိုင်းမှာ သက်​တမ်းအကြာဆုံး အစိုးရလုပ်​ငန်း​တွေရပ်​ဆိုင်း​နေတာအတွက်​ နိုင်​ငံ​ရေးဖိအား​တွေကို သမ္မတ​ဒေါ်နယ်​ ထရမ့်​က ထွက်​​ပေါက်​​ပေးလိုက်​ပါပြီ။

အစိုးရလုပ်​ငန်း​တွေရပ်​ဆိုင်း​နေတာ(၃၅)ရက်​အကြာမှာ အစိုးရ​အေဂျင်​စီ​တွေကို​ (၃)ပတ်​စာငွေ​ထောက်​ပံ့​ပေးဖို့ သ​ဘောတူညီချက်​ကို ထရမ့်​ကသ​ဘောတူခဲ့​ပေမဲ့ အဲဒီ​ငွေထဲမှာ အ​မေရိကန်​-မက္ကဆီကိုနယ်​စပ်​တံတိုင်း​ဆောက်​ဖို့ သူ​တောင်းထားတဲ့အ​မေရိကန်​​ဒေါ်လာသန်း(၅၇၀၀)​တော့ မပါပါဘူး။

သူ့ရဲ့​ရွေး​ကောက်​ပွဲကတိကဝတ်​ဖြစ်​တဲ့တံတိုင်းအတွက်​ ရန်​ပုံ​ငွေမ​ပေးဘူးဆိုရင်​ ဘယ်​လိုရသုံး​ငွေစာရင်းကိုမဆို ပယ်​ချမယ်​လို့ ထရမ့်​က အ​စောပိုင်းမှာ​ပြောထားပါတယ်​။

ဒါ​ပေမဲ့ ​ဟောက်​စ်​လွှတ်​​တော်​ကိုလွှမ်းမိုးထားနိုင်​တဲ့ အတိုက်​အခံဒီမိုကရက်​​တွေက တံတိုင်းရန်​ပုံ​ငွေ​အတည်​ပြု​ပေးဖို့ ပြတ်​ပြတ်​သားသားငြင်းဆိုထားပါတယ်​။

ထရမ့်​က ​သောကြာ​နေ့မှာ ရသုံး​ငွေဥပ​ဒေကြမ်းကို လက်​မှတ်​ထိုးအတည်​ပြုပြီး​နောက်​ လွှတ်​​တော်​နှစ်​ရပ်​စလုံးက ဥပ​ဒေကိုအသက်​ဝင်​​စေခဲ့ပါတယ်​။

လွှတ်​​တော်​နှစ်​ရပ်​လုံးက ဥပ​ဒေကိုတညီတညွတ်​တည်းအတည်​ပြုခဲ့ပြီး​နောက်​ ဥပ​ဒေ​တွေကိုသ​ဘောတူခဲ့တာဟာ အ​လျှော့​ပေးလိုက်​တာမဟုတ်​ဘဲနဲ့ အစိုးရလုပ်​ငန်း​တွေရပ်​ဆိုင်း​နေတာ​ကြောင့်​ ထိခိုက်​နစ်​နာ​နေတဲ့လူသန်းချီကို ထည့်​တွက်​ခဲ့တာလို့ တွစ်​တာမှာ​ပြောပါတယ်​။

Source-BBC

#ဥက္ကာ
#TheFifthWaveNews

Photo : ABC

Leave a Reply