ပုသိမ်​မြို့ရှိ တန်​ဖိုးနည်း ၊တန်​ဖိုးသင့်​ အိမ်​ရာများ စတင်​ရောင်းချတော့မည်

0
110

ဇန်​နဝါရီ ၂၉
ဝေဝေဖြိုး

ဆောက်​လုပ်​ရေးဝန်​ကြီးဌာန ၊မြို့ပြနှင့်​အိမ်​ရာဖွံ့ဖြိုးရေး ဦးစီးဌာန မှ အကောင်​အထည်​ဖော်​ဆောင်​ရွက်​သည့်​ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်​မြို့ ၊အမှတ်​ ၁၄ ရပ်​ကွက်​ ဥမ္မာဒန္တီအိမ်​ရာနှင့်​ ပြည်​တော်​သာ အိမ်​ရာဝန်းရှိ တန်​ဖိုးနည်း၊တန်​ဖိုးသင့်​ တိုက်​ခန်းများကို စတင်​ရောင်းချ ပေးတော့မည်​ဖြစ်​ကြောင်း အိမ်​ရာရောင်းချရေးကော်​မတီမှသိရသည်​။

“ပုသိမ်​မှာ အကောင်​အထည်​ဖော်​ထားတဲ့ တန်​ဖိုးနည်း တန်​ဖိုးသင့်​ အိပ်​ရာတွေကို ပြည်​သူတွေထဲက ဦးစားပေး စနစ်​အနေနဲ့ လက်​ငင်းငွေအပြည့်​ချေ စနစ်​နဲ့ လုပ်​ထားပါတယ်​။ဘဏ်​နဲ့ချိတ်​ဝယ်​မယ့်​သူတွေက CHIDဘဏ်​မှာ အကောင့်​ဖွင့်​ပြီး ဝယ်​ရမယ်​။ ဥပမာ အိမ်​တန်​ဖိုးက သိန်း၃၀၀ ဆို ၃၀ ရာခိုင်​နှုန်း ငွေရှိရမယ်​ဆို သိန်း၉၀ လောက်​ ဘဏ်​ထဲမှာ အရင်​ငွေထည့်​ရမယ်​။ နောက်​လ ၄ ရက်​နေ့ကစပြီး လျှောက်​လွှာတွေရောင်းပေးမယ်​။ လက်​ငင်​ပေးဝယ်​မယ့်​သူတွေက ၄ ရက်​နေ့ကစပြီး ဦးရာလူစနစ်​နဲ့ လာဝယ်​ပြီးတာနဲ့ ဘဏ်​အကောင့်​ကို ငွေသွင်းပြီး ချလန်​လာအပ်​တာနဲ့ ဒီလူဟာ ဒီအိမ်​မှာ ယာယီနေထိုင်​ခွင့်​ရမှာပါ။ ပြီးမှ အပြီးနေထိုင်​ခွင့်​တွေကို စိစစ်​ပြီး ထပ်​ထုတ်​ပေးသွားမှာပါ။”ဟု အိမ်​ရာရောင်းချရေးကော်​မတီမှ ဒုတိယညွှန်​ကြားရေးမှူး ဦးစည်​သူစံ ကပြောသည်​။

ယင်းတန်​ဖိုးနည်း ၊တန်​ဖိုးသင့်​တိုက်​ခန်းများကို စိတ်​ဝင်​စား သူများအနေဖြင့်​ လက်​ငင်းငွေချေစနစ်​ဖြင့်​လည်းကောင်း ၊တိုက်​ခန်းတန်​ဖိုး၏ ၃၀ ရာခိုင်​နှုန်းအား ဆောက်လုပ်ရေး နှင့် အိမ်ရာအဆောက်​အအုံ ဖွံ့ဖြိုးရေဘဏ်(CHID)တွင်​ အိမ်​ရာငွေစုစာရင်း ဖွင့်​လှစ်​ထားရှိသူများကို 
ဖေဖော်​ဝါရီလ ၄ ရက်​မှ စတင်​ရောင်းချပေးသွားမည်​ဖြစ်​သည်​။

ယင်းမြို့တွင်​ အကောင်​အထည်​ဖော်​တည်​ဆောက်​ထားသည့်​ အိမ်​ရာ ၂လုံးကို ရောင်းချပေးမည်​ဖြစ်​ရာ ပြည်​တော်​သာ အိမ်​ရာတွင်​ တိုက်​ခန်း ၂၄ ခန်းပါရှိပြီးဥမ္မာဒန္တီ အိမ်​ရာတွင်​ တန်​ဖိုးနည်းအိ​မ်​ရာအနေဖြင့်​ ၈ခန်းတွဲ ၆ ထပ်​ တိုက်​ ၇ လုံးရှိ အခန်းပေါင်း ၃၃၆ ခန်း နှင့်​ ၆ခန်းတွဲ ၅ထပ်​ တိုက်​ ၉ လုံးရှိ အခန်းပေါင်း ၂၇၀ ခန်းကို ရောင်းချပေးမည်​ဖြစ်​သည်​။

“အခုက ကန့်​သတ်​ချက်​မထားထားဘူး ။အရင်​က ဘဏ်​မှာ အကောင့်​ဖွင့်​ပြီးသားရှိမှ လာဝယ်​လို့ရတယ်​ဆိုတာမျိုးရှိခဲ့တယ်​ အခုကျတော့ လက်​ငင်းငွေချေချင်​တယ်​ဆိုရင်​ ဘဏ်​မှာ စာရင်းမဖွင့်​ထားခဲ့ဘူးဆိုရင်​တောင်​ ကျွန်​တော်​တို့ကြေညာထားတဲ့ထဲက ကြိုက်​တဲ့တန်​ဖိုးပေါ့ ဥပမာ အပေါ်ဆုံးအထပ်​ဆို ၈၂ သိန်းရှိတယ်​ သူကတခါထဲ ပေးရင်​ တခါထဲရောင်းချပေးမှာပါ ။ အဲ့တော့ လက်​ငင်းချေမယ်​ဆို အကောင့်​မဖွင့်​လဲရပါတယ်​အကြွေးဝယ်​မယ်​ဆိုရင်​တော့ ဘဏ်​မှာ ဖွင့်​မှကို အကြွေးပေးလို့ရမှာပါ ။ဘဏ်​ချေးငွေနဲ့ ဝယ်​ချင်​တဲ့သူတွေက CHIDဘဏ်​မှာ အနည်းဆုံး ၃၀ ရာခိုင်​နှုန်းရှိတဲ့သူတွေ ဘဏ်​ကနေစိစစ်​ပြီး ချေးလို့ရပါတယ်​ဆိုပြီး အကြောင်းပြန်​လာတဲ့သူတွေကို ကျွန်​တော်​တို့ကရောင်းပေးမှာပါ။ “ဟုဦးစည်​သူစံကပြောသည်​။

ယင်းကဲ့သို့ ရောင်းချရာတွင်​ အကြမ်းပျင်းအားဖြင့်​ တန်​ဖိုးနည်း တိုက်​ခန်းများကို ကျပ်​သိန်း၂၀၀ အောက်​သက်​မှတ်​ထားပြီး တန်​ဖိုးသင့်​ တိုက်​ခန်းများကို ကျပ်​သိန်း ၂၀၀ အထက်​ သတ်​မှတ်​ထားသည်​ဟုဆိုသည်​။

လက်​ရှိတွင်​ တိုက်​ခန်းများကို ဝယ်​ယူရန်​ လာရောက်​စုံစမ်းမေးမြန်းသူများရှိသော်​လည်း ဖေဖော်​ဝါရီလ ၄ ရက်​မှသာ တရားဝင်​ရောင်းချသွားမည်​ဟုဆိုသည်​။

ယင်းတိုက်​ခန်းများကို လက်​ငင်းငွေအကြေပေးသွင်း ဝယ်​ယူမည့်​သူများအား ဖေဖော်​ဝါရီလ ၄ ရက်​မှ ဖေဖော်​ဝါရီလ ၂၈ ရက်​အတွင်း ဦးရာလူစနစ်​ဖြင့်​ ရောင်းချမည်​ဖြစ်​ပြီး ဘဏ်​ချေးငွေဖြင့်​ ဝယ်​ယူမည့်​သူများအနေဖြင့်​ ယင်းကာလအတွင်း ဌာနသို့ စာရင်းပေးသွင်းရမည်​ဖြစ်​သည်​။

ဘဏ်​ချေးငွေဖြင့်​ ဝယ်​ယူလိုသည်​ဟု စာရင်းပေးသွင်းလာ သူများသည်​ CHID ဘဏ်​နှင့်​ ဆက်​သွယ်​ဆောင်​ရွက်​ရမည်​ဖြစ်​ပြီး ယင်းဘဏ်​မှ ပြန်​လည်​ပေးပို့လာသော ဘဏ်​စုဆောင်းငွေစာရင်း အမှတ်​စဉ်​အလိုက်​ ပြန်​လည်​ပြုစု၍ အခန်းများကို မဲနှိုက်​ရောင်းချသွားမည်​ဖြစ်
ကြောင်းသိရသည်​။

Leave a Reply