မာဒူရိုက​ဆွေး​နွေးဖို့ကမ်းလှမ်းတာကို ဂွိုင်​ဒိုငြင်းဆို

0
125

ဇန်​နဝါရီ ၂၇
နိုင်​ငံတကာသတင်း

အာဏာအတွက်​ ပြိုင်​ဆိုင်​မှုပြင်းထန်​​နေချိန်​မှာပဲ ​ဗင်​နီဇွဲလားသမ္မတ နီကိုလပ်​စ်​ မာဒူရိုက​တွေ့ဆုံ​ဆွေး​နွေးဖို့ ကမ်းလှမ်းတာကို အတိုက်​အခံ​ခေါင်း​ဆောင်​ ဂျူအန်​ ဂွိုင်​ဒိုက ပယ်​ချခဲ့ပါတယ်​။

ပြီးခဲ့တဲ့​ဗုဒ္ဓဟူး​နေ့မှာ ဂွိုင်​ဒိုက သူ့ကိုယ်​သူ​ဗင်​နီဇွဲလားယာယီသမ္မတအဖြစ်​​ကြေညာခဲ့ပြီး သူ့ရဲ့လုပ်​ရပ်​ကို အ​မေရိကန်​အပါအဝင်​ နိုင်​ငံ​တော်​​တော်​များများက​ထောက်​ခံ​နေကြပါတယ်​။

ဂွိုင်​ဒိုရဲ့လုပ်​ရပ်​ဟာ အာဏာသိမ်းဖို့ပြင်​ဆင်​​နေတာလို့ မာဒူရိုကစွပ်​စွဲခဲ့ပြီး အ​မေရိကန်​ရဲ့​ထောက်​ခံမှုကိုတုံ့ပြန်​တဲ့အ​နေနဲ့ သံ​တမန်​ဆက်​ဆံ​ရေးရပ်​ဆိုင်းခဲ့ပါတယ်​။

မနက်​ဖြန်​မှာ ​ဗင်​နီဇွဲလားအ​ရေးအတွက်​ ကုလသမဂ္ဂလုံခြုံ​ရေးကောင်​စီမှာ ​ဆွေး​နွေးမှာပါ။

ပြီးခဲ့တဲ့နှစ်​ကကျင်းပခဲ့တဲ့​ဗင်​နီဇွဲလား​သမ္မတရွေး​ကောက်​ပွဲရလဒ်​​တွေကို အတိုက်​အခံ​တွေကသပိတ်​​မှောက်​​နေတာနဲ့ မဲလိမ်​တယ်​ဆိုတဲ့စွပ်​စွဲချက်​​တွေရှိ​နေ​ပေမဲ့ သမ္မတသက်တမ်းေ​နာက်တစ်ဆက်အတွက်​​ရွေး​ကောက်​ခံခဲ့ရတဲ့​​​​​မာဒူရိုက အခုလအ​စောပိုင်းမှာ သမ္မတအဖြစ်​ကျမ်းကျိန်​သစ္စာဆိုခဲ့ပါတယ်​။

ဒါ​ပေမဲ့ ​ရွေး​ကောက်​ပွဲက မမျှတတာ​ကြောင့်​ သမ္မတ​နေရာလစ်​လပ်​​နေတယ်​လို့ ​ဗင်​နီဇွဲလားလွှတ်ေ​တာ်​က မာဒူရိုရဲ့သမ္မတ​နေရာကိုကန့်​ကွက်​ခဲ့ပြီး လွှတ်​​တော်​​ခေါင်း​ဆောင်​ဖြစ်​တဲ့ဂွိုင်​ဒိုက ယာယီသမ္မတအဖြစ်​တာဝန်​ယူသင့်​တယ်​လို့ ​ထုတ်​ပြန်​ခဲ့ပါတယ်​။

ပြီးခဲ့တဲ့နှစ်​​တွေအတွင်း ​ဗင်​နီဇွဲလားနိုင်​ငံမှာ စီးပွား​ရေးထိုးကျခဲ့တာ​ကြောင့်​ မာဒူကိုကိုနိုင်​ငံသား​​သောင်းချီကဆန္ဒပြခဲ့ကြပါတယ်​။

မာဒူရိုအစိုးရကို​ထောက်​ခံသင့်​၊ မသင့်​ နိုင်​ငံတကာအသိုက်​အဝန်းမှာလည်း သ​ဘောထညးကွဲလွဲမှု​တွေရှိ​နေပါတယ်​။

ဒါ​ပေမဲ့ လက်​ရှိဂွိုင်​ဒိုဘယ်​မှာရှိ​နေတယ်​ဆိုတာကို မသိရ​သေးပါဘူး။

Source-BBC

#ဥက္ကာ
#TheFifthWaveNews

Leave a Reply