တရုတ်​နှစ်​သစ်​ကူးကြောင့်​ မူဆယ်နယ်စပ်​ ကုန်သွယ်ရေး ရပ်တန့်ထား

0
68

ဇန်​နဝါရီ ၂၉
ဝေဝေဖြိုး

တရုတ်နှစ်သစ်ကူး နီးကပ်​နေသောကြောင့် တရုတ်- မြန်မာ မူဆယ်နယ်စပ် ကုန်သွယ်ရေးတွင်​ ကုန်သည်အ၀ယ်မရှိ၍ ကုန်သွယ်မှုရပ်တန့်ထားကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သိရသည်။

“အခုကုန်သွယ်မှုအခြေနေက တရုတ်​နှစ်သစ်ကူးရှိတော့ တရုတ်တွေက လာမ၀ယ်တော့ဘူး။ အဲ့တာကြောင့့် ကုန်​စည်​ဒိုင်​တွေပါ ပိတ်​ထားတယ်​။ ဆန်​ ၊သကြား ၊ပြောင်းက အကုန်​ရပ်​သွားပြီ ။ဟိုတလောက ပိတ်တာက နယ်စပ်ကနေ ရဲတွေက မှောင်ခိုတိုက်ဖျက်ရေးဆိုလို့ ပိတ်ရတာ။ အခု ပိတ်သွားတာက ၀ယ်သူမရှိလို့ပါ”ဟု မူဆယ်​ကုန်​စည်​ဒိုင်​မှ ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။

ကုန်စည်စီးဆင်းမှုအနေနှင့် ယခင်က တရုတ်ဘက်သို့ မူဆယ်ကုန်စည်ဒိုင်မှ တစ်​ရက်လျှင် ဆန် အိတ်ရေ သုံးသောင်းနှင့် လေးသောင်းကြား ထွက်ရှိပြီး လက်ရှိတွင် လုံးဝ ရပ်တန့်ထားရသည်​ဟုဆိုသည်​။

တရုတ်သို့ ရောင်းချနေသော ၂၅ မှတ်တန် ဆန်ကြမ်းဈေးနှုန်းများ အနေနှင့် မနောသုခ ဆန်တစ်​အိတ်လျှင် တရုတ်ယွမ် ၁၁၀ ၊ ရတနာတိုး တစ်​အိတ်လျှင် ၁၁၂ ယွမ်​ရှိပြီး လက်ရှိတွင် ဈေးနှုန်းကျဆင်းခြင်း မရှိသော်လည်း ၀ယ်ယူသူမရှိဖြစ်နေကြောင်းသိရသည်​။

“နယ်စပ်ကုန်သွယ်ရေးမှာ တော်တော် အခက်အခဲ ကြုံနေရတယ်။ အချိန်ကာလ တော်တော်များများ နယ်စပ်ကုန်သွယ်ရေးကို မှီခိုနေတဲ့ ဆန်တင်ပို့မှုမှာ ဒီနှစ်မှာ တော်တော်လေးကျသွားတယ်။ တ၀က်လောက်နီးပါး ကျသွားတဲ့ အနေအထား ရှိတယ်”ဟုမြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောသည်​။

တရုတ်​နိုင်​ငံ၏ ပေါ်လစီအရ မူဆယ်-တရုတ် နယ်စပ်တွင်​၂၀၁၈ ခုနှစ်​ စက်​တင်​လာလမှ စတင်​၍ ဆန်​ ၊သကြား ၊ပြောင်းနှင့်​ ဒီဇယ်​ဆီ တင်​ပို့မှုကို ပိတ်​ပင်​ဖမ်းဆီးနေခြင်းဖြစ်​ပြီး တရုတ်​နို​င်​ငံဘက်​မှ လက်​ရှိအချိန်​ထိ ပိတ်​ပင်​ထားဆဲဖြစ်​သည်​။

ထို့ပြင် တရုတ်နိုင်ငံနှင့် တရားဝင် ကုန်ပစ္စည်းများ အပြန်အလှန် လဲလှယ်တင်ပို့ရေးအတွက် အစိုးရချင်း MoU ရေးထိုးရန်အတွက်လည်း သဘောထား မှတ်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တောင်းခံထားကြောင်း သိရသည်။

လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေး လျော့ကျလျက် ရှိသော်လည်း တစ်​နိုင်ငံလုံးအတိုင်းအတာဖြင့်​ ကုန်သွယ်မှုပမာဏကို ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက လေးလအတွင်း ပို့ကုန်တွင်​ အမေရိကန်ဒေါ်လာ ၃၆၀ သန်းကျော် ပိုမိုတင်ပို့နိုင်​ပြီး သွင်းကုန်မှာ ကန်ဒေါ်လာ သန်း ၁၅၀ ကျော် လျော့နည်းတင်သွင်းထားသောကြောင့် ကန်ဒေါ်လာ သန်း ၂၀၀ ကျော်ခန့် ကုန်သွယ်မှု တိုးလာပြီး ကုန်သွယ်မှုလိုငွေမှာ ကန်ဒေါ်လာ သန်း ၅၀၀ နီးပါး လျော့နည်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်​ကြီးဌာန၏ စာရင်းများ အရ သိရသည်။

Leave a Reply