လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိရင် ပြင်ဆင်

0
114

ဇန်နဝါရီ ၂၉
ကျော်သူမြင့်

ကန့်ကွက်မှုများရှိနေသည့်ကြားမှ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံတွင်ထားရှိ မည့် ဗိုလ်ချုပ်ကြေးရုပ်ကို တင်ရန် ပြည်နယ်အစိုးရက ပြင်ဆင်နေကြောင်းသိရသည်။

ဗိုလ်ချုပ်ကြေးရုပ်တင်ရန်ကိစ္စကို ကယားပြည်နယ်အတွင်းရှိ လူငယ်အဖွဲ့အစည်းများနှင့် အရပ်ဖက် အဖွဲ့အစည်းများက အစဉ်တစိုက်ကန့်ကွက်ခဲ့ကြသည်။

“ကျွန်တော်တို့ကန့်ကွက်နေတယ်။ ညသန်းခေါင်ဝင်လာတယ် ခုနကပန်းခြံမှာထားမယ့် အရုပ်ကို တင်ဖို့လုပ်နေတယ်။ ပြည်နယ်ဝန်ကြီးဦးမော်မော်ကို ကန့်ကွက်ခဲ့တယ်”ဟု ကယန်းမျိုးဆက်သစ်လူ ငယ်-KNGYမှ တွဲဖက်အထွေထွေအတွင်းရေးမှူး ခွန်သောမတ်စ်ကပြောသည်။

ပြည်နယ်အစိုးရ၏ ဗိုလ်ချုပ်ကြေးရုပ်ထားရှိမည့် အစီအစဉ်စတင်ခဲ့စဉ်မှစ၍ လူငယ်အဖွဲ့အစည်းများ က ကန့်ကွက်ဆန္ဒထုတ်ဖော်ခြင်း၊ လူထုစစ်တမ်းသဘောထားရယူခြင်းများပြုလုပ်ခဲ့ပြီး လူငယ် ၂၀ ကျော်အား ပြည်နယ်အစိုးရက နိုင်ငံတော်အကြည်ညိုပျက်စေမှု ၊ ငြိမ်းစုစီပုဒ်မများဖြင့် တရားစွဲဆိုခဲ့ သည်။

ဗိုလ်ချုပ်ကြေးရုပ်တု ထားရှိမည့်ကိစ္စနှင့်ပတ်သတ်၍ ဝန်ကြီးချုပ်ဦးအယ်ဖောင်းရှိုလ်နှင့် လူငယ်အဖွဲ့ အစည်းများတွေ့ဆုံညှိနှိုင်း၍ ယာယီရပ်ဆိုင်းထားမည်ဖြစ်ပြီး လူထုသဘောထားစစ်တမ်းကို နှစ် ဖက်ကောက်ယူကာ ဆက်လက်ညှိနှိုင်းမည်ဟု သဘောတူညီခဲ့ကြောင်း ခွန်သောမတ်စ်က ပြော သည်။

“ဆိုင်းငံ့ထားမယ်လို့ သဘောတူညီခဲ့ပြီးမှ အခုလိုဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ ခိုးကြောင်ခိုးဝှက် လုပ်တာ ဂတိမတည်တာပဲ”ဟု ၎င်းကပြောသည်။

ပြည်နယ်အစိုးရက ဖွဲ့စည်းထားသည့် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီကို ဖျက်သိမ်း လိုက်ပြီး မြို့မိမြိုဖနှင့် လူမှုရေးအသင်းအဖွဲ့များဖြင့် ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းမည်ဟု ဝန်ကြီးချုပ်က ၂၀၁၈ ဇူလိုင် ၂၃ ရက်က ပြည်နယ်အစိုးရရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် ပြောဆိုထားသည်။

“အစိုးရကဦးစီးပြီးမှ မလုပ်တော့ဘူး ဖျက်သိမ်းလိုက်ပြီ။ ပြည်သူတွေအနေနဲ့ လိုချင်လို့ လိုလိုလား လားဖြစ်ချင်လို့ ဆက်လုပ်မယ်ဆိုရင်တော့ အစိုးရအနေနဲ့ကတော့ ဝန်းရံပေးရမယ် ပံ့ပိုးပေးရမယ်” ဟု ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

ဗိုလ်ချုပ်ကြေးရုပ်ကို ဇန်နဝါရီ ၁၂ ရက် (ပြည်ထောင်စု)နေ့တွင် ပြည်နယ်အစိုးရက တင်မည်ဟု အရပ်ဖက်အဖွဲ့အစည်းများက ခန့်မှန်းပြောဆိုမှုများရှိသည်။

ဗိုလ်ချုပ်ကြေးရုပ်မတင်ရန် ဆက်လက်ကန့်ကွက်သွားမည်ဟု အရပ်ဖက်အဖွဲ့အစည်းများက ပြော ဆိုထားသည်။

Photo – တိုးတက်​​သောကရင်​နီပြည်​သူ့အင်​အားစု-PKPF

Leave a Reply