အောင်​ရဲ​ထွေး​သေဆုံးမှု​ ပြန်​​ခေါ်သက်​​သေစစ်​​ဆေးရန် ၆ ဦးသာကျန်​ရှိ

0
140

ဇန်​နဝါရီ ၂၉
သော်​လင်းထက်

ယ​နေ့​နေ့လည်​ပိုင်းက ​​အောင်​ရဲ​ထွေး(ခ)ရဲ​ထွေး​အောင်​ ​သေဆုံးခဲ့သည့်​အမှုနှင့်​ပတ်​သက်​၍ ပြန်​​ခေါ်သက်​​သေတစ်​ဦးကို ​အ​ရှေ့ပိုင်းခရိုင်​တရားရုံးတွင်​စစ်​​ဆေးခဲ့သည်​။

အဆိုပါရုံးချိန်းတွင်​ ပြန်​​ခေါ်သက်​​သေတစ်​ဦးဖြစ်​သည့်​ ​The One Entertainment Parkမှ အခင်းဖြစ်​ညတွင်​ လုံခြုံ​ရေး​ခေါင်း​ဆောင်​အဖြစ်​ တာဝန်​ထမ်း​ဆောင်​ခဲ့သူ ကို​ကျော်​သူကိုစစ်​​ဆေးခဲ့ခြင်းဖြစ်​သည်​။

ကို​ကျော်​သူအားစစ်​​ဆေးရာ​တွင်​ အခင်းဖြစ်​​နေရာတွင်​ CCTV တပ်​ဆင်​ထားခြင်းကိုမသိရှိ​ကြောင်း၊အခင်းဖြစ်​ပွားချိန်​တွင်​ မည်​သူနှင့်​မည်​သူရန်​ဖြစ်​သည်​ကိုမသိရှိ​ကြောင်း၊အခင်းဖြစ်​ပွားပြီး ဒဏ်​ရာရရှိသူနှင့်​အတူပါလာသူမိန်းက​လေးမှ မည်​သူမည်​ဝါပြုလုပ်​သည်​ဟု မ​ပြောခဲ့သည်​မှာမှန်​ကန်​​ကြောင်း၊ကိုသန့်​စဉ်​မှဓာတ်​ပုံရိုက်​စဉ်​ ကိုထိန်​လင်း(ခ)ကိုငယ်​မှ မှတ်​တမ်းယူထားရန်​​ပြောသဖြင့်​ ဓာတ်​ပုံရိုက်​ထားခြင်းဖြစ်​​ကြောင်းတို့ကိုထွက်​ဆိုခဲ့သည်​။

လက်​ရှိတွင်​ ယင်းအမှုနှင့်​ပတ်​သက်​၍ သားကြီး(ခ) သန်းထွဋ်​​အောင် ​နှင့်​ ​အောင်​​လေးတို့ကို အား ရာဇသတ်​ကြီးပုဒ်​မ ၃၀၂(၂)နှင့်​တရားစွဲချက်​တင်ထားကာ ​ကျော်​​ဇော်​ဟန်​(ခ)​ကျော်​​ဇော်​အား ရာဇသတ်​ကြီးပုဒ်​မ ၃၀၂(၂)/၁၁၄ဖြင့်​စွဲချက်​တင်​ထားသည်​။

ဖေ့စ်​ဖွတ်​ ဆယ်​လီနှင့်​ဟာသသရုပ်​​ဆောင်​​အောင်​ရဲ​ထွေးသည်​ ၂၀၁၇ခုနှစ်​ နှစ်​သစ်​ကူညက The One Entertainment Park ရှိSpace Partyတွင်​ လူတစ်​စုထိဝိုင်းဝန်းထိုးကြိတ်​ကန်​​ကြောက်​မှု​ကြောင့်​ ရရှိ​​သောဒဏ်​ရာများဖြင့်​ ​ဆေးရုံ​တွင်​​သေဆုံးခဲ့ခြင်းဖြစ်​သည်​။

လာမည့်​ရုံးချိန်းကို ​ဖေ​ဖော်​ဝါရီ ၅ရက်​​နေ့သို့ပြန်​လည်​ ချိန်းဆိုထားပြီး ပြန်​​ခေါ်သက်​​သေစစ်​​ဆေးရန်​ ၆ ဦးသာကျန်​ရှိေ​တာ့​ကြောင်းသိရသည်​။

Leave a Reply