ဝေဠု​ကျော်​​ဖောင်​​ဒေရှင်းမှ ​ကျောက်​မဲ စစ်​​ဘေး​ရှောင်​စခန်းများသို့ လှူဒါန်း

0
230

ရန်ကုန် ၊ ဇန်​နဝါရီ ၁၀၊ ၂၀၁၈

ရှမ်းပြည်​နယ်​(​မြောက်​ပိုင်း)ရှိ စစ်​​ဘေး​ရှောင်​စခန်းများဖြစ်​​သော၊
ကျောက်​မဲမြို့ရှိ စခန်းများ မိုင်း​ငေါ့မြို့ရှိ စစ်​​ဘေး​ရှောင်​စခန်းများသို့
ဝေဠု​ကျော်​​ဖောင်​​ဒေရှင်းမှ အ​နွေးထည်​၊အဝတ်​အစား​သောက်​ပစ္စည်းများလှူ ဒါန်း​ပေးခဲ့​ကြောင်း သိရသည်​။

“သက်​သက်​သွားလှူ တာ​တော့မဟုတ်​ပါဘူး။ တရုတ်​ပြည်​ကို ဆိုင်​ကယ်​သွားထုတ်​ရင်းလမ်းကြုံဝင်​လှူ သွားတာပါ”ဟု ​ဝေဠု​ကျော်​​ဖောင်​​ဒေရှင်းမှ တာဝန်​ရှိသူတစ်​ဦးက ​ပြောသည်​။

ဝေဠု​ကျော်​အမည်​ဖြင့်​ဆိုင်​ကယ်​ထုတ်​လုပ်​​​ရောင်းချရန် ​ခွင့်​ပြုချက်​ကျပြီးသည့်​အတွက်​ ဆိုင်​ကယ်​များတင်​သွင်းရန်​ တရုတ်​ပြည်​သို့ သွား​ရောက်​ခြင်းဖြစ်​​ပြီး တရုတ်​ပြည်​ထုတ်​ အထူးအင်​ဂျင်​110 /125
ဆိုင်​ကယ်​များကိုWLK Co.ltdမှ ဖြန့်​ချီကာအကျိုးမြတ်​၏တဝက်​ကို
ပရဟိတလုပ်​ငန်းများတွင်​ သုံးဆွဲသွားမည်​ဖြစ်​​ကြောင်း သိရသည်။

အဆိုပါခရီးစဉ်​တွင်​စစ်​​ဘေး​ရှောင်​စခန်းများ ဖြစ်​သော​ကျောက်​မဲမြို့ရှိသန္တိသုခ​ကျောင်း၊ဝါဆို​ကျောင်း၊ ​အောင်​​မြေသာယာ​ကျောင်း၊​အောင်​မင်္ဂလာ​ကျောင်းနှင့်​မိုင်း​ငေါ့မြို့ရှိစစ်​​ဘေး​ရှောင်​စခန်းများသို့ဝင်​​ရောက်​လှူ ဒါန်းခြင်းဖြစ်​​ကြောင်းသိရသည်​။

“​ဝေဠု​ကျော်​လာတယ်​ဆို​တော့ လူ​တွေတိုး​နေတာ​ပေါ့ဗျာ။ကျောက်​မဲစခန်းအားလုံးကိုဝင်​လှူ ​ပေးသွားပါတယ်​”ဟု ​ကျောက်​မဲမြို့နယ်​ စစ်​​ဘေး​ရှောင်​စခန်း ကူညီ​စောင့်​​ရှောက်​​ရေး​ကော်​မတီမှဘဏ္ဌာ​ရေးမှူး
ဦးတင်​​မောင်​ဦးကဆိုသည်​။

ဆက်​လက်​၍ စစ်​​ဘေး​ရှောင်​စမ်းသို့ NGOဖွဲ့များ​ဒေသခံ ​စေတနာရှင်​များ၊လူကယ်​ပြန်​အဖွဲ့များမှမကြာခဏလာ​ရောက်​လှူ ဒါန်း​ပေး​ကြောင်း
လက်​ရှိရွာ​တွေကိုပြန်​နိုင်​​သောအ​ခြေအ​နေမရှိ​သေး​ကြောင်းဦးတင်​​မောင်​ဦးက​ပြောသည်​။

၂၀၁၇၊ဒီဇင်​ဘာလ၊ တတိယအပတ်​​လောက်​မှစ၍ ရှမ်းပြည်​နယ်​(​မြောက်​ပိုင်း) မိုင်း​ငေါ့မြို့ဝန်းကျင်​တွင်​ တအောင်းအမျိုးသားလွတ်မြှောက်ရေး
တပ်မတော် (TNLA) နှင့်​မြန်​မာ့တပ်​မ​တော်​တို့ တိုက်​ပွဲများဖြစ်​ပွားလျှက်​ရှိပြီးမိုင်း​ငေါ့မြို့နယ်အာ့​ပြောင်​​ကျေးရွာနှင့်​နမ့်​ဆန်မြို့နယ်​ ​ကျောက်​ဖြူ
ကျေးရွာတို့မှစစ်​​ဘေး​ရှောင်​များအား​ကျောက်​မဲစခန်းများသို့
ခိုလုံ​ရောက်​ရှိ​နေခြင်းဖြစ်​သည်​။

မြတ်​ဟိန်း​ကျော်

Leave a Reply