လိုက်ပဇက် ကွင်းလယ်လူ ကီတာကို ခေါ်ယူဖို့ ကြိုးစားနေသည့် လီဗာပူးလ်

0
189

ဇန်န၀ါရီ ၁၀ ၊ ၂၀၁၈
စကိုင်းစပေါ့ သတင်းဌာန၏ ဖော်ပြချက်အရ လီဗာပူးလ်အသင်းသည် ဂျာမနီ ဘွန်ဒက်လီဂါရှိ လိုက်ပဇက် အသင်းမှ ကွင်းလယ်လူ နာဘီ ကီတာကို ယခုလအတွင်း ခေါ်ယူနိုင်ဖို့ ကြိုးစားနေကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

လီဗာပူးလ်အသင်းသည် နာဘီကီတာကို ခေါ်ယူနိုင်ရေးအတွက် ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလကတည်းက ပေါင် ၄၈ သန်းဖြင့် ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့သောကြောင့် ယခုဇန်န၀ါရီဈေးကွက်တွင် ထပ်မံ ကြိုးစားလာခြင်းလည်း ဖြစ်သည်။

လီဗာပူးလ်အသင်းသည် ဘာစီလိုနာသို့ ပြောင်းရွှေ့သွားသော ဘရာဇီး ကစားသမား ကော်တင်ဟိုကြောင့် ကွင်းလယ်ပိုင်း အားနည်းချက်များ ရှိလာနိုင်သဖြင့် ကော်တင်ဟိုကဲ့သို့ တိုက်စစ်အားသန်သည့် ကွင်းလယ်ကစားသမား တစ်ဦးကို အရေးပေါ် ရှာဖွေနေခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် လက်စတာကွင်းလယ်လူ မာရက်ဇ် နှင့် လိုက်ပဇက် ကွင်းလယ်လူ နာဘီကီတာတို့သည် လီဗာပူးလ်အသင်း၏ အဓိက ပစ်မှတ်များ ဖြစ်ပြီး နာဘီကီတာကို ခေါ်ယူနိုင်ပါက လီဗာပူးလ်အတွက် ရလဒ်ကောင်းများ ပိုမိုရရှိလာနိုင်ကြောင်း လီဗာပူးလ် ကစားသမား မာနေးက သုံးသပ်ထားသည်။

NN

Leave a Reply